In partnership with  logo
The Silence Breakers လို့ တင်စားထားတယ်။

ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက နှစ်စဉ်ထုတ်ပြန်တဲ့ Person of the Year စာရင်းကို ဒီနှစ်မှာလည်း ထုတ်ပြန်လိုက်ပါပြီ။ လိင်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက်မှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေကို " The Silence Breakers" (တိတ်ဆိတ်မှုဖြိုခွင်းသူများ) ဆိုတဲ့ အမည်နဲ့ ဂုဏ်ပြုဖော်ပြလိုက်တာ ဖြစ်ပါတယ်။

 

၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာ လူမှုကွန်ရက်ပေါ် လူပြောများလာတဲ့ #MeToo လှုပ်ရှားမှုကလည်း ဒီလူတွေနဲ့ တိုက်ရိုက် ပတ်သက်နေခဲ့ပါတယ်။ ဟောလိဝုဒ်က ထုတ်လုပ်သူ Harvey Weinstein ရဲ့ အမျိုးသမီးသရုပ်ဆောင်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှုတွေ တစ်ခုပြီးတစ်ခု ပေါ်လာပြီးနောက်မှာ #MeToo လှုပ်ရှားမှု ပေါ်ထွက်လာခဲ့တယ်။ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ဆန့်ကျင်သူတွေက #MeToo လှုပ်ရှားမှုမှာ ပါဝင်လာကြတာ ဖြစ်ပါတယ်။ Time ကတော့ hashtag ဆိုတာက ပုံတစ်ပုံရဲ့ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပြီး အပြည့်အစုံမဟုတ်ဘူးလို့ ဆိုတယ်။ " ဒါဟာ ဆယ်စုနှစ်တစ်ခုအတွင်း လူမှုကွန်ရက်ပေါ်မှာ အလျှင်အမြန်ရွှေ့လျားလာတဲ့ အပြောင်းအလဲတစ်ခုပါပဲ" လို့ အယ်ဒီတာချုပ် Edward Felsenthal က ပြောတယ်။

 

Time ရဲ့ မျက်နှာဖုံးမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအကြောင်း ထုတ်ဖော်ပြောကြားခဲ့သူတွေကို ဖော်ပြပြီးတော့ ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ဆယ်လီနှစ်ဦး ပါဝင်လာတယ်။ Ashley Judd ဟာ ဟာဗေးရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ပထမဆုံး ထုတ်ပြောခဲ့တဲ့ အမျိုးသမီးပါ။ နောက်တစ်ဦးတော့ ပေါ့ပ်အဆိုတော် တေလာဆွစ် ဖြစ်ပါတယ်။ သူမရဲ့တင်ပါးကို အကိုင်ခဲ့ရတဲ့အတွက် ရုံးတော်မှာ တိုင်ကြားခဲ့သူပါ။ အမှုလည်း နိုင်ခဲ့ပါတယ်။

 

နောက်ထပ် ပါဝင်သူတွေကတော့ မက္ကဆီကိုက စတော်ဘယ်ရီခူးတဲ့အလုပ်သမ Isabel Pascual (အမည်လွှဲ) ၊ Sacramento က အသက် ၄၀ အရွယ် corporate lobbyist ဖြစ်တဲ့ Adama Iwu နဲ့ အသက် ၂၆ နှစ်အရွယ် Susan Fowler တို့ပဲ ဖြစ်ပါတယ်။ ဆူဆန်ကတော့ Uber အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး Uber ရဲ့ CEO ကို တရားစွဲခဲ့သူပါ။ သူတို့ရဲ့ ဖြစ်ရပ်တွေဟာ ကမ္ဘာတစ်ဝန်းလုံးကို ပျံ့နှံ့သွားခဲ့တယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေကို ငြိမ်ခံမနေဘဲ တွန်းလှန် ထုတ်ဖော်ခဲ့ကြတဲ့ ဒီအမျိုးသမီး ၅ ဦးကို Time က "person of the year" အဖြစ် မျက်နှာဖုံးမှာ ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

Source : BBC

Share

Loading Next Article...
က္က