In partnership with  logo
စပြီးသရုပ်ဆောင်တော့ အသက် ၁၂ နှစ်ပဲ ရှိသေးတယ်။

Time မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်ထုတ်ပြန်တဲ့ ကမ္ဘာကိုအလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ Millie Bobby Brown လည်း ပါဝင်လာပါတယ်။ အသက် ၁၄ နှစ်အရွယ် ဘော်ဘီဘရောင်းက Strange Things ဇာတ်လမ်းတွဲနဲ့ လူကြိုက်များလာတဲ့ သရုပ်ဆောင်တစ်ဦးပါ။ Time က ရွေးချယ်ခဲ့သမျှ အလွှမ်းမိုးဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းဝင်တွေထဲမှာ အသက်အငယ်ဆုံးလည်း ဖြစ်လာပါတယ်။

 

ဘရောင်းရဲ့ Eleven ဇာတ်ကောင်ဟာ အရမ်းပဲ နာမည်ကြီးခဲ့ပါတယ်။ သူမရဲ့ ပထမဆုံး ရုပ်သံစီးရီးလည်းဖြစ်ပြီး အသက် ၁၂ နှစ်မှာ စတင် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 

အမေရိကန်သရုပ်ဆောင် Aaron Paul က ဘရောင်းအတွက် ချီးကျူးစကားကို Time မှာ ဖော်ပြဖို့ ရေးသားပေးခဲ့ပါတယ်။ " သူမရဲ့အသက်က ၁၂ နှစ်သာ ရှိခဲ့သေးပေမဲ့ သူမရဲ့ စိတ်ခွန်အားနဲ့ စိတ်သဘောထားတို့ကတော့ အချိန်အကန့်အသတ်မဲ့ပါပဲ" လို့ ဆိုတယ်။

 

Time ရဲ့ ယခုနှစ် ရွေးချယ်တဲ့စာရင်းမှာတော့ အဆိုတော် ရီဟန်းနား၊ ခက်ရှာ၊ ရှောင်းမန်းဒက်စ်တို့လည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့လည်း ပါဝင်ခဲ့တယ်။

Source : BBC

Share

Loading Next Article...
က္က