In partnership with  logo
နေရာတိုင်းက အမျိုးသမီးတွေအတွက် အနုပညာနယ်ပယ်ထဲမှ အမျိုးသမီးတွေရဲ့ အပြောင်းအလဲအတွက် စည်းလုံးညီညွတ်တဲ့ ခေါ်ဆိုမှုတစ်ရပ်လို့ဆိုတယ်။

ဟောလိဝုဒ်နယ်ပယ်ထဲက အနုပညာရှင်တွေဟာ ရုပ်ရှင်နယ်ပယ်နဲ့ အခြားလုပ်ငန်းခွင်တွေမှာ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုကို တိုက်ဖျက်ရေးအတွက် ပရော့ဂျက်တစ်ခုကို စတင်လိုက်ပါတယ်။ ပါဝင်သူတွေထဲမှာ စာရေးဆရာတွေ၊ ဒါရိုက်တာတွေနဲ့ အမျိုးသမီးသရုပ်ဆောင်တွေလည်း ပါဝင်ပါတယ်။

 

ဒီပရော့ဂျက်ကို Time's Up လို့ အမည်ပေးထားပြီး New York Times သတင်းစာမှာ စာမျက်နှာပြည့် ကြေညာသွားခဲ့ပါတယ်။ နေရာတိုင်းက အမျိုးသမီးတွေအတွက် အနုပညာနယ်ပယ်ထဲမှ အမျိုးသမီးတွေရဲ့ အပြောင်းအလဲအတွက် စည်းလုံးညီညွတ်တဲ့ ခေါ်ဆိုမှုတစ်ရပ်လို့ ပရော့ဂျက်ကို ညွှန်းဆိုဖော်ပြသွားတယ်။ ဒီလှုပ်ရှားမှုဟာ နာမည်ကြီးထင်ရှားကျော်ကြားတဲ့ မင်းသမီးတွေက ထုတ်လုပ်သူ ဟာဗေး ဝင်စတိန်းကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွပ်စွဲချက်တွေ မြင့်တက်လာပြီးနောက် ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

 

ဒီလှုပ်ရှားမှုမှာ စတင်ပါဝင်သူ အမျိုးသမီးအနုပညာရှင်တွေ ရာနဲ့ချီ ရှိခဲ့ပါတယ်။ နာတာလီပို့တ်မန်း၊ ရီးစ် ဝစ်သာစပွန်း၊ ကိတ် ဘလန်းချတ်၊ အီဗာ လောင်းဂိုရီယာနဲ့ အမ်မာစတုန်းတို့လို ထိပ်တန်းမင်းသမီးတွေ ပါဝင်တယ်။ အဆိုပါ မင်းသမီးတွေက Time's Up အတွက် ဒေါ်လာ ၁၃ သန်း ရှာပေးခဲ့ကြပြီးပါပြီ။ Time's Up လှုပ်ရှားမှုအတွက် ရည်မှန်းထားတဲ့ ရန်ပုံငွေက ဒေါ်လာ ၁၅ သန်းပါ။

 

ရလာတဲ့ ရန်ပုံငွေတွေကို လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုသားကောင်ဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေအတွက်သာမက အမျိုးသားတွေအတွက်ပါ ဥပဒေပိုင်းဆိုင်ရာအသုံးပြုဖို့အတွက် ငွေကြေးထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ ဥပဒေရေးရာပိုင်းတွေမှာ ငွေကြေးမတတ်နိုင်တဲ့ လုပ်သားတွေအတွက် အဓိက ထောက်ပံ့ကူညီပေးသွားမှာဖြစ်ပါတယ်။

Source : BBC

Share

Loading Next Article...
က္က