In partnership with  logo
A Rainy Day in New York က ရတဲ့ အနုပညာကြေးထက် ပိုပြီးလှူခဲ့တယ်။

ဟောလိဝုဒ်က အမျိုးသမီးအနုပညာရှင်တွေ စတင်လိုက်တဲ့ Time's Up ပရော့ဂျက်အတွက် ရံပုံငွေလှူဒါန်းသူတွေထဲမှာ ဆယ်လီနာဂိုးမက်စ်လည်း ပါဝင်လာပါပြီ။ ဒါရိုက်တာ Woody Allen ရဲ့ ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့အတွက် ရရှိတဲ့ အနုပညာကြေးထက်ကို ပိုပြီးတော့ လှူခဲ့တာပါ။ တွဲဖက်သရုပ်ဆောင် Timothée Chalamet  က ဆယ်လီနာကို အဲ့ဒီဇာတ်ကားမှာ ပါဝင်လို့ ရရှိတဲ့ အနုပညာကြေးတွေကို Time's Up အပါအဝင် ပရဟိတလုပ်ငန်း ၃ ခုကို လှူဖို့ တိုက်တွန်းခဲ့ပါတယ်။

 

မွေးစားသမီးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တဲ့အတွက် ပြစ်တင်ရှုံ့ချခံနေရတဲ့ ဒါရိုက်တာ Woody Allen နဲ့ အလုပ်တွဲလုပ်ခဲ့တဲ့အပေါ် ဆယ်လီနာကိုလည်း ဝေဖန်နေကြပါတယ်။ A Rainy Day in New York ဇာတ်ကားမှာ ဆယ်လီနာက သီချင်းဆိုထားတာပါ။ ဒါပေမဲ့ အဲ့ဒီဇာတ်ကားမှာ ပါဝင်လို့ ရရှိတဲ့ အနုပညာကြေးထက် ပိုများပြားတဲ့ ပမာဏကို Time's Up Legal Defence Fund ထံ အမည်မဖော်ပြဘဲ လှူသွားခဲ့တယ်လို့ People က ရေးသားခဲ့တယ်။ ဆယ်လီနာကတော့ အတည်မပြုသေးပါဘူး။

 

" အရိုးသားဆုံးပြောရရင် ကျွန်မ ဘယ်လိုဖြေရမလဲဆိုတာ မသိဘူး။ အဲ့လိုအပြောခံနေရတာကို ရှောင်လွှဲဖို့အတွက်တော့ မဟုတ်ပါဘူး" လို့ ဆယ်လီနာက သူမကို ဝေဖန်နေမှုတွေနဲ့ ပတ်သက်ပြီး အင်တာဗျူးမှာ ဖြေသွားတယ်။ ဆယ်လီနာရဲ့အမေက သူမကို Woody Allen နဲ့ အလုပ်မလုပ်ဖို့ တားခဲ့သေးတယ်။ ဒါပေမဲ့ ဆယ်လီနာက သူမအမေရဲ့ အကြံဉာဏ်ကို ငြင်းဆိုခဲ့ပါတယ်။

 

Time's Up ကို ဟောလိဝုဒ်အမျိုးသမီးအနုပညာရှင် ၃၀၀ က ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ကြေညာလိုက်တာပါ။ လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုသားကောင်ဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေအတွက်သာမက အမျိုးသားတွေအတွက်ပါ ဥပဒေပိုင်းဆိုင်ရာအသုံးပြုဖို့အတွက် ငွေကြေးထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ ဥပဒေရေးရာပိုင်းတွေမှာ ငွေကြေးမတတ်နိုင်တဲ့ လုပ်သားတွေအတွက် အဓိက ထောက်ပံ့ကူညီပေးသွားမှာဖြစ်ပါတယ်။

Source : Elle UK

Share

Loading Next Article...
က္က