In partnership with  logo
ကျား၊မ တန်းတူညီမျှရေးဟာ ကျွန်မတို့ရဲ့ပြင်ပမှာ ဖြစ်တည်နေလို့မရဘူး၊ ကျွန်မတို့ဆီမှာ ရှိနေရမှာ။

ဒုတိယမြောက် Women's March ကို စနေနေ့တုန်းက ကမ္ဘာတစ်ဝန်းမှာ ကျင်းပခဲ့ကြပါတယ်။ အမေရိကရှိ မြို့ကြီးအများအပြားမှာလည်း အမျိုးသမီးတွေနဲ့အတူ အမျိုးသားတွေပါ ချီတက်လမ်းလျှောက်ခဲ့ကြတယ်။ လော့စ်အန်ဂျလိစ်မြို့က Pershing Square မှာ အမျိုးသမီးတွေ စုရုံးကြစဉ် ဟောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသမီးအချို့နဲ့ ဆယ်လီအချို့ဟာ Time's Up ကို ထုတ်ဖော်ကြေညာရင်း ဟောပြောသွားခဲ့ကြပါတယ်။

 

ဆန္ဒပြသူတွေဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ တန်းတူညီမျှရေးတွေကို တောင်းဆိုခဲ့ကြတဲ့အပြင် #MeToo နဲ့ Time's Up လှုပ်ရှားမှုတွေကိုပါ ထည့်သွင်း ဖော်ပြခဲ့ကြပါတယ်။ ဟောလိဝုဒ်က အမျိုးသမီးအနုပညာရှင်တွေ စတင်ခဲ့တဲ့ Time's Up လှုပ်ရှားမှုအကြောင်းကိုတော့ နာတာလီပို့တ်မန်း၊ စကားလက် ဂျိုဟန်ဆန်၊ ဗွိုင်လာဒေးဗစ်၊ ဆာရာ ဟိုင်းလန်းတို့က ဒီစုရုံးချီတက်ပွဲကို လာရောက်ပြီး ပြောသွားခဲ့တယ်။ သူတို့ရဲ့ ဟောပြောမှုကို အားပေးသူတွေဟာ အလွန်ကို များပြားခဲ့ပါတယ်။

 

နယူးယော့ခ်က စုရုံးချီတက်ပွဲမှာတော့ အဆိုတော် Halsey က တကယ့်ကိုခွန်အားရှိတဲ့ ကဗျာတစ်ပုဒ် ဖတ်ပြသွားတယ်။ ဒီကဗျာက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအကြောင်းကို ရေးထားတာပါ။ ဒါဟာ အနိုင်ယူရမယ့် စစ်ပွဲဆိုတာ ဘုရားသိပါတယ်ဆိုတဲ့ စာသားလေးလည်း ပါဝင်တယ်။

 

" ကျား၊မ တန်းတူညီမျှရေးဟာ ကျွန်မတို့ရဲ့ပြင်ပမှာ ဖြစ်တည်နေလို့မရဘူး၊ ကျွန်မတို့ဆီမှာ ရှိနေရမှာ။ ကျွန်မတို့ရဲ့လုပ်ရပ်တွေအတွက်သာမက ကျွန်မတို့ကိုယ်တိုင်အတွက်ပါ တာဝန်ယူကိုယူရပါမယ် " လို့ စကားလက် ဂျိုဟန်ဆန်က လော့စ်အန်ဂျလိစ်က စုရုံးပွဲမှာ ပြောသွားခဲ့ပါတယ်။ အမျိုးသမီးတွေအတွက် Time's up အချိန် ရောက်ပါပြီတဲ့။

 

" ကျွန်မ ဒီနေ့ပြောနေတာက #MeToo ကိစ္စတွေအတွက်သာ မဟုတ်ပါဘူး၊ ကျွန်မကိုယ်တိုင်ကိုက #MeToo ဖြစ်ရပ် ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မလက်ကို မြှောက်လိုက်ချိန်မှာတော့ ခုထိအောင် တိတ်ဆိတ်နေကြတဲ့ အမျိုးသမီးတွေကို သတိပြုမိသွားစေတယ် " လို့ ဗွိုင်အိုလာ ဒေးဗစ်က သူမရဲ့ ဖြစ်ရပ်နဲ့ယှဉ်ပြီး တိုက်တွန်းသွားတယ်။

 

နာတာလီပို့တ်မန်းကလည်း သူမအသက် ၁၂ နှစ်အရွယ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ကြုံခဲ့ရကြေင်းကို ထုတ်ဖော်ပြောသွားခဲ့တယ်။ အမျိုးသားတွေဟာ သူတို့လုပ်ချင်တာ၊ ပြောချင်တာ ဘာမဆို လုပ်နိုင်ပေမဲ့ အမျိုးသမီးတွေဟာ အဲ့ဒီလို အခွင့်အရေးမရသေးတာကိုလည်း ပြောခဲ့ပါတယ်။

Source : People, Huffpost, CNN

Share

Loading Next Article...
က္က