In partnership with  logo
apostrophes ဟာ မရှိမဖြစ်အရေးပါကြောင်းကို အတွေ့အကြုံရလိုက်ပါပြီ

အမ်မာဝပ်ဆန်ကို အမျိုးသမီးတွေအတွက် တက်ကြွလှုပ်ရှားနေတဲ့ အမျိုးသမီးဝါဒီသမားတစ်ဦးအဖြစ်နဲ့လည်း သိကြတယ်။ အသက် ၂၇ နှစ်အရွယ် မင်းသမီးလေးက Time's Up လှုပ်ရှားမှုမှာလည်း ဦးဆောင်ပါဝင်နေသူပါ။ မနေ့ညက ပြုလုပ်ခဲ့တဲ့ အော်စကာ ဆုပေးပွဲအပြီး ပါတီမှာတော့ အမ်မာက Time's Up ကို တက်တူးနဲ့ ထုတ်ဖော်ခဲ့တယ်။

ညာဘက်လက်ဖျံ အတွင်းပိုင်းမှာ Times Up ဆိုတဲ့ စာတမ်းပါ တက်တူးနဲ့ ပွဲတက်လာခဲ့တာဖြစ်ပါတယ်။ တက်တူးကတော့ ယာယီတက်တူးဖြစ်ပုံရပါတယ်။ ကုလသမဂ္ဂရဲ့ သံတမန်ဖြစ်တဲ့ အမ်မာက Time's Up လှုပ်ရှားမှုကို ပိုပြီးသတိထားမိလာအောင် လုပ်ခဲ့ပုံပါ။

 

ဒါပေမဲ့ သူမရဲ့ တက်တူးမှာ apostrophe လေး ပါမလာခဲ့ဘူး။ Time's Up ဖြစ်ရမယ့်အစား Times Up သာ ဖြစ်နေခဲ့တာကို လူတွေက သတိထားမိသွားတယ်။ လှောင်တဲ့လူတွေလည်း လှောင်ကြတယ်။

 

လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာစော်ကားကျူးလွန်မှု ခံခဲ့ရသူတွေကို ကူညီပေးမယ့် Time's Up လှုပ်ရှားမှုကို အမ်မာအပါအဝင် ဟောလိဝုဒ်က အမျိုးသမီးအနုပညာရှင်တွေ စတင်ခဲ့တာပါ။ အဲ့ဒီနောက် အမျိုးသားတွေလည်း ပါဝင်လာကြပါတယ်။ ခုလို ဂွမ်းသွားရတာနဲ့ ပတ်သက်ပြီးတော့ အမ်မာက " apostrophes ဟာ မရှိမဖြစ်အရေးပါကြောင်းကို အတွေ့အကြုံရလိုက်ပါပြီ" လို့ တွစ်တာပေါ်မှာ ဟာသလေးနှောပြီး ရေးထားခဲ့ပါတယ်။ ဒါပေမဲ့ သူမကြောင့်ပဲ Time's Up ဟာ ပိုပြီးတော့ လူတွေသတိထားမိလာကြတာတော့ အမှန်ပါပဲ။

Source : Sky News

Share

Loading Next Article...
က္က