In partnership with  logo
ဟောလိဝုဒ်မင်းသမီးတွေပါ သာမာန်အမျိုးသမီးတွေနဲ့တန်းတူ ပါဝင်ဆင်နွှဲခဲ့ကြတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့မှာ လူဦးရေ သိန်းသန်းချီတဲ့ အမျိုးသမီးထုကြီးဟာ အမေရိကရှိ မြို့တော်တွေမှာ စုရုံးချီတက်ခဲ့ကြပါတယ်။ 2018 Women's March ဟာ ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ Women's March ရဲ့ ဒုတိယမြောက် လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က အမေရိကမှာ ပြုလုပ်ခဲ့တဲ့ Women's March ဟာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်ခဲ့ပြီး အမျိုးသမီးတွေရဲ့နှစ်တစ်နှစ် ဖြစ်လာစေဖို့ အစပျိုးခဲ့ပါတယ်။

 

အမေရိကရှိမြို့ပေါင်းများစွာမှာ အမျိုးသမီးတွေ စုရုံးလမ်းလျှောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ကနေဒါ၊ ဗြိတိန်၊ ဂျပန်၊ အီတလီနဲ့ အခြားနိုင်ငံတွေမှာလည်း အမျိုးသမီးတွေ စုရုံးချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။ အမေရိကမှာဆိုရင် နယူးယော့ခ်၊ ဝါရှင်တန်၊ လော့စ် အန်ဂျလိစ်၊ ဒါးလက်စ်၊ ဖီလာဒဲလ်ဖီးယား၊ ရှီကာဂို၊ ဆန်ဖရန်စစ္စကိုနဲ့ အတ္တလန္တာတို့လို မြို့ကြီးတွေမှာ အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ပါဝင်တဲ့ လူအုပ်ကြီးဟာ သိန်းနဲ့သန်းနဲ့ချီ ရှိခဲ့ပါတယ်။

 

ယခုနှစ် အမျိုးသမီးစုရုံးချီတက်ပွဲဟာ ဒုတိယမြောက် ဖြစ်လာခဲ့ပြီး လူတွေလည်း ပိုမို ပါဝင်လာကြပါတယ်။ အမေရိကရှိ စုရုံးချီတက်ပွဲတွေမှာ ဟောလိဝုဒ်ရဲ့ ထိပ်တန်း မင်းသမီးတွေပါ ပါဝင်လမ်းလျှောက်ခဲ့ကြတာပါ။ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ လုပ်ပိုင်ခွင့်အာဏာ၊ တန်းတူညီမျှရေး၊ ခွဲခြားဆက်ဆံခံရမှုတွေပပျောက်ရေးနဲ့ အမျိုးသမီးတွေကို အားတက်လာစေမယ့် ဆောင်ပုဒ်တွေ၊ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကာ လမ်းလျှောက်ခဲ့ကြတာပါ။ ဟောလိဝုဒ်မင်းသမီးတွေ စတင်ခဲ့တဲ့ Time's Up ဟာလည်း ဒီစုရုံးချီတက်ပွဲတွေမှာ ကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်နေခဲ့ပါတယ်။

 

အမေရိကရဲ့ အမျိုးသမီးစုရုံးချီတက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်လ်ထရမ့်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမျိုးရေးခွဲခြားမှုတွေအပါအဝင် အခြားပေါ်လစီတွေကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတယ်။ အစိုးရပိုင်းမှာ အမျိုးသမီးတွေကို ပိုမိုပါဝင်လာရေးအတွက်လည်း ထောက်ခံတောင်းဆိုခဲ့ကြပါတယ်။ ဒုတိယမြောက် Women's March မှာ #MeToo လှုပ်ရှားမှုဟာ ဟောပြောပွဲအများစုမှာ လှုံ့ဆော်ပြောကြားကြဆုံး အကြောင်းအရာ ဖြစ်လာခဲ့ပါတယ်။ ဇန်နဝါရီ ၂၁ ရက်မှာပါ ကမ္ဘာတစ်လွှားက အမျိုးသမီးတွေဟာ စုရုံးချီတက်ပွဲတွေကို ဆက်လက်လုပ်ဆောင်နေတာ တွေ့ရပါတယ်။

Source : HuffPost, Guardian, NY Times

Share

Loading Next Article...
က္က