In partnership with  logo
တကယ်ပဲ ဂယ်လ်ဂါဒေါ့တ်ရဲ့ဇာတ်ကောင်နဲ့ ချွတ်စွပ်တူနေတယ်လေ။

နာမည်ကျော် ရုပ်ရှင်၊ ကာတွန်းဇာတ်ကောင်တွေနဲ့ ပုံစံတူအောင် ပြင်ဆင်ခြယ်သကြတဲ့ cosplayer တွေထဲမှာ ဒီကောင်မလေးကတော့ မြင်သူငေးလောက်အောင်ကို လှနေတာပါပဲ။ သေသေချာချာကြည့်တော့မှသာ Wonder Woman Cosplayer မှန်း သိလိုက်ရတာ။ သူမရဲ့ ပြင်ဆင်ထားပုံ၊ မျက်နှာဟန်ထားတွေက တကယ်ပဲ ဂယ်လ်ဂါဒေါ့တ်ရဲ့ဇာတ်ကောင်နဲ့ ချွတ်စွပ်တူနေတယ်လေ။

 

Alyson Tabbitha ဟာ YouTube မှာ လူသိများတဲ့ cosplayer တစ်ဦးပါ။ သူမရဲ့ အနီရောင်ဆံနွယ်ရှည်တွေကို ညှပ်လည်းညှပ် ဆေးလည်းဆေးပြီးတော့ Wonder Women နဲ့ တူအောင် ပြင်ဆင်ခဲ့ပါတယ်။ ဝတ်စုံကိုလည်း သူမ ကိုယ်တိုင်ပဲ ဖန်တီးခဲ့ပါသတဲ့။ ပိုစတာဘုတ်တွေ၊ TreeFLX နဲ့ သစ်သားထည်တွေကို အသုံးပြု ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါတောင် ဝတ်စုံက မပြီးသေးဘူး။ အရမ်းကို တူနေပြီ။

Wonder Woman ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ Gal Gadot

 

Wonder Woman Cosplayer လေး Alyson ဟာ အခြားဇာတ်ကောင်တွေကိုလည်း cosplayer လုပ်ခဲ့ပါသေးတယ်။ Cosplayer ဝတ်စုံတွေထဲမှာတော့ Star Wars ဇာတ်ကောင် Padmé Amidala ရဲ့ ဝတ်စုံက သက်တောင့်သက်သာအရှိဆုံးလို့ သူမကပြောတယ်။

see also 

 

Alyson က မိတ်ကပ်ကိုလည်း ကောင်းကောင်းလိမ်းတတ်သူပါ။ ဒါကြောင့်မို့လို့လည်း ဒီပုံမှာ ဂျိုလီနဲ့ အရမ်းတူနေတာပေါ့။ Tom Raider ဇာတ်ကားထဲက အန်ဂျလီနာဂျိုလီရဲ့ဇာတ်ရုပ် Lara Croft ပုံစံ လုပ်ထားတာတဲ့။

 

ဒါကလည်း ဂျွန်နီဒပ်ပ်ရဲ့ ဂျက်စပဲရိုး မဟုတ်ပါဘူး။ Alyson ပါပဲ။ Pirates of the Caribbean ဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ကပ္ပတိန် ဂျက်စပဲရိုးနဲ့တူအောင် ပြင်ထားတာ ဖြစ်ပါတယ်။

 

Source : Daily Mail

Share

Loading Next Article...
က္က