In partnership with  logo
Contouring လုပ်ရင်လည်း ခပ်ပြေပြေလေးပဲလုပ်ထားတယ်။

တလောက ရုံတင်သွားတဲ့ Wonder Woman ဇာတ်ကားထဲက မင်းသမီး Gal Gadot ကို သိကြမှာပါနော်။ အစ္စရေးသူ၊ ကလေးနှစ်ယောက်အမေ ဆိုပေမဲ့ အရမ်းလှတာနော်။ တည်ငြိမ်တဲ့အလှလို့ ပြောရမယ်။ Sis ကတော့ အသေကြွေမိတာပါဆို။

သူ့ရဲ့ပင်ကိုယ်မျက်နှာလေးက လှတာကလည်း လှတာပေါ့နော်။ မိတ်ကပ်အပြင်အဆင်လေးကျတော့လည်း သဘာဝကျကျလေးနဲ့ ကြည့်ကောင်းပြန်ရော။ ဂါဒေါ့တ်ဆီက မိတ်ကပ်လိမ်းနည်းတွေ အတုယူဖို့ကောင်းတယ်။

 

၁။ အောက်ခံမိတ်ကပ် (foundation) လိမ်းတာ တော်တော်လေး သေသေချာချာလိမ်းထားမှန်း သိသာတယ်။ အသားနဲ့လည်း တစ်ထပ်တည်းကျတာကိုရွေးသလို မိတ်ကပ်မလိမ်းမီ moisturizer နဲ့ primer ခံပြီးလိမ်းရမယ်။ သူမကို လိမ်းပေးတဲ့ မိတ်ကပ်ပညာရှင်ကတော့ setting power သုံးပေးတယ်လို့ပြောတယ်။

 

၂။ Contouring လုပ်ရင်လည်း ခပ်ပြေပြေလေးပဲလုပ်ထားတယ်။ သဘာဝကျကျ မျက်နှာသွယ်သွယ်လေးဖြစ်သွားတယ်။ သဘာဝကျတဲ့ conturing ဖြစ်ဖို့ဆိုရင် အရောင်က ကိုယ့်အသားအရောင်ထက် တစ်ဆင့် ဒါမှမဟုတ် ၂ ဆင့် ပိုရင့်တာပဲရွေးလိုက်ပါ။

 

၃။ သဘာဝကျကျလေး ပြင်ဆင်တာက ဂါဒေါ့တ်ကို ပိုလှစေတယ်လို့ မြင်မိတယ်။ ဒီပုံမှာဆို တကယ့်ကို natural လေးပဲ။

 

၄။ နောက်တစ်ခုကတော့ မျက်ခုံးမွေး...။ သူ့မျက်ခုံးမွေးတွေက သဘာဝကျသလိုလိုနဲ့ တကယ်တော့ သေသေချာချာလေးကို ဆွဲထားတာ။ မျက်ခုံးမွေးဆွဲရင် ရှေ့ဆုံးကအမွေးလေးတွေကို လုံးဝမဆွဲဘဲ အပေါ်ကို ပင့်ပြီးဖြီးထားရတယ်။

 

၅။ မျက်လုံးတွေက အရေးကြီးတယ်။ နေရာနဲ့ အနေအထားကိုလိုက်ပြီး ခြယ်သတတ်ဖို့လိုမယ်နော်။ ဂါဒေါ့တ်ကတော့ အမြဲတမ်း အိုင်းရှဲဒိုးလေးတွေခြယ်ထားတတ်တယ်။ အများကြီးမဟုတ်ဘဲ မျက်ရစ်လောက်လေးကိုပဲခြယ်တာ။

Photos : Pure

Share

Loading Next Article...
က္က