In partnership with  logo
တင်းနစ်မယ်တွေဟာ ကိုယ်ခန္ဓာကျစ်လျစ်ပြီး လှုပ်ရှားမှုတွေကလည်း သွက်လက်ပေါ့ပါးကြတယ်လေ။

အားကစားနည်းတွေထဲမှာ တင်းနစ်ဆိုတာလည်း လူကြိုက်များလှတဲ့အရာတစ်ခုပါ။ တင်းနစ်ကစားသမားတွေဆိုရင်လည်း လူတွေက သတိထားမိကြတယ်။ အထူးသဖြင့် စကတ်တိုလေးဝတ်ပြီး တင်းနစ်ကွင်းထဲမှာ ပြေးလွှားပြိုင်ပွဲဝင်တတ်တဲ့ တင်းနစ်မယ်လေးတွေကိုပေါ့။ တင်းနစ်မယ်တွေဟာ ကိုယ်ခန္ဓာကျစ်လျစ်ပြီး လှုပ်ရှားမှုတွေကလည်း သွက်လက်ပေါ့ပါးကြတယ်လေ။ Sporteology ဝက်ဘ်ဆိုက်က ရွေးချယ်ထားတဲ့ ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့အဟော့ဆုံး တင်းနစ်မယ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်။

၁၀။ Klara Koukalova

ALD4c1c99_221058_6284120.jpg 

ချက်ဇ်သမ္မတနိုင်ငံရဲ့ နိုင်ငံအသင်းကိုယ်စားပြု တင်းနစ်မယ်လည်း ဖြစ်ပါတယ်။ အသက် ၃၂ နှစ် ရှိပါပြီ။ WTA ဆု ၃ ကြိမ် နဲ့ ITF ဆု ၇ ကြိမ် ဆွတ်ခူးထားသူပါ။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အနေနဲ့ လက်ရှိမှာ အဆင့် ၄၀ နေရာက ရပ်တည်နေပါတယ်။

၉။ Maria Kirilenko

9.jpg 

ရုရှားတင်းနစ်မယ် ကီရီလန်ကိုကတော့ အသက် ၂၇ နှစ် ရှိပါပြီ။ ၂၀၀၁ ခုနှစ်မှာ သူမရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့တယ်။ WTA ဆု ၆ ကြိမ်၊ ITF ဆု ၃ ကြိမ် ရထားတယ်။ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာတော့ အဆင့် ၁၅၅ ရှိပါတယ်။

၈။ Amandine Hesse

8.jpg 

ပြင်သစ်တင်းနစ်မယ် Hesse ကို ၁၉၉၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ တင်းနစ်လောကထဲကို စတင်ဝင်ရောက်ခဲ့တယ်။ ITF ဆု ၃ ကြိမ် ရထားပြီးပါပြီ။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၂၀၀ နေရာက ရပ်တည်နေတဲ့ ခပ်လန်းလန်း ကောင်မလေးဟာ အမျိုးသားပရိတ်သတ်တွေကြားမှာတော့ ရေပန်းစားပါတယ်။

၇။ Sorana Cirstea

7.jpg 

သူလေးကတော့ ရိုမေးနီးယားသူပါ။ အသက် ၂၇ နှစ် ရှိပါပြီ။ ကမ္ဘာ့အဆင့် ၉၃ တင်းနစ်ကစားသမား ဖြစ်ပါတယ်။ ကျစ်လျစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်လေးက အလန်းစားပဲ။

၆။ Sania Mirza

6Sania-Mirza-Birthday.jpg 

ဒီစာရင်းထဲမှာ အာရှသူတွေကလည်း ကျန်မနေခဲ့ပါဘူး။ အိန္ဒိယတင်းနစ်မယ်လေး ဆာနီယာကရဲ့ မျက်နှာချိုချိုလေးက ဆွဲဆောင်မှုရှိနေတယ်။ ကမ္ဘာ့အဆင့် ၆ တင်းနစ်မယ်ဆိုတော့ အားကစားလည်းတော်၊ ရုပ်ရည်ကလည်း အမိုက်စားလို့ ပြောရမယ်။

၅။ Caroline Wozniacki

5.jpg 

ကမ္ဘာ့အဟော့ဆုံး တင်းနစ်မယ်တွေကို စုစည်းလိုက်မယ်ဆို အဆင့် ၅ နေရာမှာ ဖော်ပြရမှာက ဒိန်းမတ်သူလေး ကာရိုလိုင်းပါ။ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာလည်း အဆင့် ၈ နေရာက ရပ်တည်နေပါတယ်။

၄။ Mandy Minella

4-Mandy-Minella-1.jpg 

မန်ဒီရဲ့ မျက်နှာလေးနဲ့ ကိုယ်လုံးကိုယ်ပေါက်က တင်းနစ်မယ်မလုပ်ဘဲ မော်ဒယ်လုပ်လို့တောင်ရတယ်။ ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာလေးနဲ့ လူဇင်ဘတ်တင်းနစ်မယ် ဖြစ်ပါတယ်။

၃။ Maria Sharapova

3.jpg 

ရှရှားတင်းနစ်မယ် မာရီယာ ရှရာဗိုပါဆိုရင် မြန်မာတွေနဲ့ မစိမ်းပါဘူး။ တင်းနစ်မကြိုက်ဘူးဆိုရင်တောင်မှ ရှရာဗိုပါရဲ့အလှကို သိကြတယ်။ အရပ်အမောင်းနဲ့ ခန္ဓာကိုယ်က ကြံ့ခိုင်တင်းရင်းပြီး မျက်နှာကလည်း ဆွဲဆောင်မှုရှိတယ်လေ။ လက်ရှိမှာတော့ ရှရာဗိုပါဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ နံပတ် ၂ နေရာကို ရထားပါတယ်။

၂။ Ana Ivanovic

2.jpg 

အိုင်ဗန်ကိုဗစ်ရဲ့ အလှဟာ ခုချိန်ထိအောင် မှေးမှိန်မသွားခဲ့ဘူး။ ဆယ်စုနှစ် တစ်ခုစာကျော်လွန်လာတာတောင်မှ သူမဟာ အဟော့ဆုံးတင်းနစ်မယ်စာရင်းရဲ့ ထိပ်ဆုံးပိုင်းတွေမှာ ရှိနေတုန်းပါ။ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၅ မှာ ရှိနေတဲ့ ယူဂိုဆလားဗီးယားသူလေး ဖြစ်ပါတယ်။

၁။ Eugenie Bouchard

 

Eugenie ကို ကမ္ဘာ့အဟော့ဆုံး အလန်းဆုံး တင်းနစ်မယ်လို့ ခေါ်ကြတယ်။ အသက်က ငယ်သေးတာလည်း ပါပါလိမ့်မယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ လူတွေအားလုံးထက် သူမက ပိုငယ်ပါတယ်။ ကနေဒါသူဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာတော့ အဆင့် ၇ ပါ။

Source : Sporteology

Share

Loading Next Article...
က္က