In partnership with  logo
 WWE အဖွဲ့ဟာ အမျိုးသမီး အားကစား ပိုမို ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားခဲ့ပေမယ့် အခုတကြိမ်ပွဲမှာတော့ မအောင်မြင်ခဲ့ပါဘူး။

ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့နပန်းပွဲ ဖျော်ဖြေရေးအဖွဲ့ WWE ရဲ့ ပွဲမှာ အမျိုးသမီးနပန်းသမားတွေ ပါဝင်ခွင့်မရလို့ ဝေဖန်ခံနေရပါတယ်။

အခုပွဲဟာဆိုရင် အမျိုးသားနပန်းသမား ၅၀ပါဝင်တဲ့ အကြီးကျယ်ဆုံး နပန်းပွဲကြီးလည်းဖြစ်ပါတယ်။

 WWE အဖွဲ့ဟာ အမျိုးသမီး အားကစား ပိုမို ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားခဲ့ပေမယ့် အခုတကြိမ်ပွဲမှာတော့ မအောင်မြင်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ နှစ် ၃၀အတွင်း Rumble ပွဲတွေမှာ အမျိုးသမီး နပန်းသမား Charlotte Flair လို အမျိုးသမီးတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ အရင်ကဆို နပန်းပွဲတွေမှာ သိပ်ပြီး စိတ်လှုပ်ရှားစရာမကောင်းတဲ့ နေရာတွေမှာပဲ ပါဝင်ခဲ့ရခဲ့တာဖြစ်ပြီး တဖြည်းဖြည်းနဲ့ နပန်းသတ်ပွဲတွေမှာပါ ပါဝင်ယှဉ်ပြိုင်ခွင့်ရလာခဲ့ရာကနေ အားကစားလောကမှာ ဆင့်ကဲပြောင်းလဲမှုကြီးဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါကြောင့် အခုတကြိမ်နပန်းပွဲမှာ အမျိုးသမီးတွေ ပါဝင်ခွင့်မရဘူးဆိုတဲ့သတင်းဟာ နပန်းဝါသနာရှင် ပရိသတ်တွေကို တုန်လှုပ်စေခဲ့ပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေအပေါ် ချုပ်ခြယ်ကန့်သတ်မှုတွေများတဲ့ ဆော်ဒီနိုင်ငံမှာတော့ ဒီသတင်းဟာ အထူးအဆန်းမဟုတ်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က