In partnership with  logo
အဲဒီဗွီဒီယိုကို နပန်းပွဲကျင်းပတဲ့ အားကစားရုံအတွင်းက LED billboard တွေမှာပြသခဲ့တာဖြစ်တဲ့အတွက် ဆော်ဒီအားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေက တောင်းပန်ခဲ့တာဖြစ်ပါတယ်။

ဆော်ဒီအာရေဗျရုပ်သံလိုင်းက ပြသတဲ့ နပန်းပွဲအစီအစဉ်မှာ အမျိုးသမီးတွေ မလုံမခြုံဝတ်စားထားတဲ့အခန်း ပါဝင်ခဲ့တာနဲ့ ပတ်သက်လို့ အားကစားဝန်ကြီးဌာနက တောင်းပန်လိုက်ပါတယ်။



 

ဂျက်ဒါမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့နပန်းဖျော်ဖြေရေးအဖွဲ့ WWE ရဲ့ နပန်းပွဲဟာ ရုပ်မြင်သံကြားပြသခွင့်ရတဲ့ အကြီးကျယ်ဆုံး နပန်းပွဲ Greatest Royal Rumble ဖြစ်ပြီး အမျိုးသား နပန်းသမား ၅၀ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲကို အမျိုးသားရော၊ အမျိုးသမီးပါ တက်ရောက်အားပေးခွင့်ရပေမယ့် အမျိုးသမီးနပန်းသမားတွေကိုတော့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုထားပါဘူး။

ဒါအပြင် နိုင်ငံပိုင်ရုပ်သံလိုင်းကပြသတဲ့ နပန်းပွဲကြော်ငြာဗွီဒီယိုမှာလည်း အမျိုးသမီးနပန်းသမားတွေပါဝင်တဲ့ အခန်းကို ဖြတ်ထားပါတယ်။

ဒါပေမယ့် အဲဒီဗွီဒီယိုကို နပန်းပွဲကျင်းပတဲ့ အားကစားရုံအတွင်းက LED billboard တွေမှာပြသခဲ့တာဖြစ်တဲ့အတွက် ဆော်ဒီအားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေက တောင်းပန်ခဲ့တာဖြစ်ပါတယ်။

ဆော်ဒီရုပ်သံလိုင်းက ပြသတဲ့ WWE ရဲ့ နပန်းထိုးသတ်ပွဲမှာ အဲဒီကြော်ငြာဗွီဒီယို ပါဝင်သွားတဲ့အပေါ် ရှေးရိုးစွဲဆန်တဲ့ ဆော်ဒီလူ့အသိုင်းအဝန်းးက လူမှုကွန်ယက်တွေပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က