Health: ကိုယ်အလေးချိန်ချစရာမလိုဘဲ လှပနိုင်ကြောင်း သက်သေပြလိုက်တဲ့ မိန်းကလေး

ပေါင်ချိန်စက်တွေ မလိုဘူးလို့ သူမက ဆိုပါတယ်။

play

 

အသက် ၂၀ အရွယ်ကျောင်းသူလေးတစ်ဦးဟာ ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ရင်း ကိုယ်အလေးချိန်ချစရာမလိုဘဲ  လှပတဲ့ခန္ဓာကိုယ်ရနိုင်ကြောင်းကို ဓာတ်ပုံတွေနဲ့တကွ သက်သေပြခဲ့ပါတယ်။

လက်ရှိ သြစတြေးလျမှာရောက်နေတဲ့ ဗြိတိန်ကျောင်းသူလေး ဟယ်လင်နာဟာ တကယ်တော့ ကိုယ်အလေးချိန် ပိုတိုးအောင်တောင် လုပ်နေသူပါ။

 

လေ့ကျင့်ခန်းလုပ်ရင်း ၃ ပေါင်ကျော် တက်လာတဲ့သူမဟာ အရင်ထက်တောင် ပိုကြည့်ကောင်းလာတာကို တွေ့ရပါတယ်။

၁၄၈ ပေါင်ကနေ ၁၅၁ ပေါင်ဖြစ်လာတဲ့သူမဟာ အမျိုးသမီးတွေကို ကျန်းမာရေးကောင်းမွန်အောင်သာ ကြိုးစားသင့်ပြီး ပေါင်ချိန်စက်တွေကို လွှင့်ပစ်လိုက်ဖို့ နှိုးဆော်လိုက်တာဖြစ်ပါတယ်။

နာမည်ကြီးလှတဲ့ ကိုယ်ကာယဆရာမ ကေလာအစ်ဆင်နီနဲ့ သူမရဲ့နည်းလမ်းကို သိရှိခဲ့ပြီးနောက် ဟယ်လီနာဟာ ၂၀၁၅ ခုနှစ်မှာ ကိုယ်ကာယလေ့ကျင့်ခန်းကို စလုပ်ခဲ့တာဖြစ်ပါတယ်။

ဟယ်လင်နာဟာ သူမရဲ့တိုးတက်မှုကို အင်စတာဂရမ်ကနေ မျှဝေခဲ့ပြီး အခု သူမဟာ  Follower ၂၃,၀၀၀ တောင် ရှိနေပါပြီ။

play

"ကျွန်မရဲ့စိတ်နဲ့ ခန္ဓာက မကျန်းမမာ၊ မပျော်မရွှင်ဖြစ်နေရတယ်လို့ ခံစားခဲ့ရတယ်။ ကေလာရဲ့ညွှန်ကြားမှုနဲ့ ပြုပြင်ပြောင်းလဲသွားတဲ့ လူတွေကို မြင်တွေ့ပြီးနောက် ကျွန်မလည်း ကြိုးစားကြည့်မယ်လို့ ဆုံးဖြတ်ခဲ့တယ်" လို့ ဟယ်လင်နာက ပြောပြခဲ့ပါတယ်။

ဟယ်လင်နာဟာ ဟန်ချက်ညီတဲ့  နေထိုင်စားသောက်မှုပုံစံရှိပြီး ရံဖန်ရံခါ အစားကောင်းအသောက်ကောင်းတွေစားရတဲ့အတွက်လည်း အပြစ်ရှိတယ်လို့ မခံစားရပါဘူး။

နေထိုင်စားသောက်မှုပုံစံပြောင်းလဲချင်တဲ့ သူတွေအတွက် သူမရဲ့တိုးတက်မှုက သာဓကအဖြစ် အထောက်အကူပေးလိမ့်မယ်လို့ သူမက မျှော်လင့်တယ်လို့ ဆိုပါတယ်။

"ကိုယ်သဘောကျတဲ့ ကစားနည်းတစ်ခုကို ရှာပါ။ ဝိတ်မတာကနေ အပြေးအထိ အများကြီးရှီပါတယ်။ လူတစ်ယောက်ရဲ့အစီအစဉ်က တခြားသူတွေနဲ့ မကိုက်ညီနိုင်ပါဘူး" လို့ သူမက အကြံပေးခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ