တကယ်ကို မလုပ်မဖြစ် လုပ်ရမလားဆိုတာမေးကြည့်ပါဦး။

တကယ်‌လို့ သင်‌ ‌ရောဂါ‌ဝေဒနာ တစ်ခုခု ခံစားရလို့ ဆေးရုံ ‌ဆေးခန်‌းကို သွားပြတဲ့အခါ ဆရာဝန်‌က ဓာတ်‌မှန်‌ရိုက်‌တာမျိုးနဲ့ CT-scan ဖတ်‌တာမျိူး‌တွေလုပ်‌ဖို့ အကြံ‌ပေး‌ကောင်‌း‌ပေးပါလိမ်‌့မယ်‌။ အဲ့ဒီအချိန်‌ကျရင်‌ ဆရာဝန်‌ကို ဒီဓာတ်‌မှန်‌ရိုက်‌တာမျိုး ဒါမှမဟုတ်‌ CT-scan ဖတ်‌တာဟာ တကယ်ကို မလုပ်မဖြစ် လုပ်ရမလားဆိုတာမေးကြည့်ပါဦး။

 

ဘာ‌ကြောင်‌့လဲဆို‌တော့ နိုင်‌ငံတကာဇီဝ‌ဗေဒနှင်‌့ဓာတ်‌‌ရောင်‌ခြည်‌ဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုအသစ်‌ရလာဒ်‌‌တွေအရမလိုအပ်‌ဘဲ ဓာတ်‌မှန်‌ရိုက်‌တာ နဲ့ CT-scan ဖတ်‌‌တာ‌တွေဟာ သင်‌့နှလုံးကို ထိခိုက်‌မှု‌တွေ ရှိနိုင်‌တယ်‌လို့ ‌အဆိုပါ ‌လေ့လာမှုအသစ်‌ရဲ့ ရလာဒ်‌‌တွေက ဖော်‌ပြထားပါတယ်‌ ။

အဆိုပါ ‌လေ့လာမှုအသစ်‌အရ ဓာတ်‌မှန်‌ရိုက်‌ခြင်‌းနဲ့ CT-scan ဖတ်‌တဲ့နေရာ‌တွေမှာ အသုံးပြုရတဲ့ အိုင်‌းယွန်‌း(ion)ဓာတ်‌‌ရောင်‌ခြည်‌‌တွေဟာ ပမာဏ အရမ်‌းများပြားလာရင်‌ နှလုံး‌ရဲ့ သွေ‌း‌ကြောစနစ်‌‌တွေကိုထိခိုက်‌မှုရှိတယ်‌လို့ ‌သိရပါတယ်။ အရမ်‌းနည်‌းပါးတဲ့ပမာဏ‌လေးက‌တောင်‌နှလုံး‌သွေး‌ကြောစနစ်‌ရဲ့ ဆဲလ်‌‌လေး‌တွေ ထိခိုက်‌နိုင်‌တယ်‌လို့ ‌‌ဖော်‌ပြထားပါ‌သေးတယ်‌။ ဂျာမနီနိုင်‌ငံ ရဲ့ "ပတ်‌ဝန်‌းကျင်‌နှင်‌့လူထု ကျန်‌းမာ‌ရေး‌လေ့လာမှု" အဖွဲ့ရဲ့ စစ်‌တမ်‌းမှာလည်‌း ထိုနည်‌းတူ‌ဖော်‌ပြထားပါ‌သေးတယ်‌ ။

 

၎င်းအပြင်‌ ‌လေ့လာမှု‌တွေအရ အဆိုပါ ဓာ‌တ်‌‌ရောင်‌ခြည်‌‌တွေက သင်‌့ကို အရွယ်‌မတိုင်‌မီ အိုမင်‌းရင်‌့‌ရော်‌စေပါတယ်‌တဲ့။ ဒါ‌ကြောင်‌့ သင်‌့အ‌နေနဲ့ ဓာတ်‌မှန်‌ရိုက်‌တာမျိုးCT-scan ဖတ်‌တာမျိုး‌တွေ ကို မလိုအပ်‌ပဲခဏခဏ မပြုလုပ်‌ဖို့ အကြံ‌ပေးလိုက်‌ပါတယ်‌နော်‌ ။

Source : RD

Share

Loading Next Article...
က္က