Relationships: ပြတ်သွားတဲ့ ရည်းစားနဲ့ သူငယ်ချင်းလို့ ဆက်နေဖို့ ကြိုးစားသူတွေက စိတ်မမှန်သူတွေဖြစ်

ရည်းစားဟောင်းကို အနားမှာ သူငယ်ချင်းအဖြစ် ဆက်ထားဖို့ ကြိုးစားသူ အများစုဟာ ကိုယ်ကျိုးကြည့်တတ်သူတွေ ဖြစ်နေတတ်ပါတယ်။

play

 

ပြတ်ဆဲသွားတဲ့ ရည်းစားဟောင်းနဲ့ သူငယ်ချင်းတစ်ယောက်လို ဆက်နေဖို့ ကြိုးစားသူတွေဟာ တကယ်တမ်းမှာ စိတ်မူမမှန်သူတွေသာ ဖြစ်နေတတ်ကြောင်း သုတေသီတွေက သတိပေးလိုက်ပါတယ်။

play

 

ဒီလို ဆက်နေဖို့ ကြိုးစားသူတွေဟာ ကိုယ်ကျိုးသာ ကြည့်တတ်တဲ့ သူမျိုးတွေ ဖြစ်နေတတ်တယ်လို့ လေ့လာချက်က ဆိုပါတယ်။ ရည်းစားဟောင်းနဲ့ သူငယ်ချင်းလို ဆက်နေဖို့ ကြိုးစားသူတွေဆီမှာ dark triad လို့ခေါ်တဲ့ စိတ်ရောဂါတစ်မျိုး ရှိနေတတ်ပါတယ်။ အဲဒီ စိတ်ရောဂါထဲမှာ ကိုယ့်ကိုကိုယ် အထင်ကြီးစိတ်ဝင်ခြင်း၊ အနည်းငယ် ကြောင်တောင်တောင်နိုင်ခြင်းနဲ့ ကိုယ်ကျိုးသာ ကြည့်တတ်ခြင်းစတဲ့ စိတ်အခြေအနေတွေ ပါဝင်ပါတယ်။

play

 

ရည်းစားဟောင်းကို အနားမှာ ဆက်ထားဖို့ ကြိုးစားသူ အများစုဟာ ငွေကြေး သို့မဟုတ် လိင်မှုဆန္ဒ စသဖြင့် ကိုယ်ကျိုးသာကြည့်တတ်သူတွေ ဖြစ်နေတတ်တယ်လို့ အော့ကလန် တက္ကသိုလ်က သုတေသီတွေက သတိပေးထားပါတယ်။

ပြတ်ဆဲသွားတဲ့ ရည်းစားနဲ့ သူငယ်ချင်းလို ဆက်နေခြင်းဟာ  လူမှုရေးပြဿနာ များစွာလည်း ရှိနိုင်ပါသေးတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ