Relationships: ချစ်သူတွေရဲ့ အဆိုးဝါးဆုံးအခြေအနေ (၅) ခု

ချစ်သူတွေကြားမှာ ဒီလို အခြေအနေတွေ ရှိနေပြီဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ နှစ်ကိုယ်တူ ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။

play

လက်ပါတာ

ချစ်သူတွေပါ။ မုန်းသူတွေ မဟုတ်ပါဘူး။ နောက်ပြီး အရွယ်ရောက်ပြီး နားလည်တတ်နေတဲ့ လူလူချင်းဆက်ဆံရာမှ လက်ပါတယ်ဆိုတာ အရမ်းကိုဆိုးဝါးပြီး အကျည်းတန်တဲ့အဖြစ်ပါ။

play


နောက်ပြီး ဘယ်လောက်ချစ်ကြတယ်ပြောပြော၊ လူတစ်ယောက်က တစ်ယောက်ကို ရိုက်နှက်တာ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာဟာ အိမ်ထောင်ကျပြီးသား လင်မယားတွေမှာတောင် မဖြစ်သင့်တဲ့အခြေအနေလည်းဖြစ်ပါတယ်။

ဆဲရေးတိုင်းထွာတာ

play


ဒါကတော့ တော်တော်များများ ဖြစ်လေ့ဖြစ်ထရှိပေမယ့် တကယ်တမ်း ကောင်းလှတဲ့ အနေအထား မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အဆင့်အတန်းက သူ့ပြောပုံဆိုပေါက်မှာ ပေါ်နေတယ်ဆိုတဲ့ စကားရှိတဲ့အတွက် ဒီလို ဆဲရေးတိုင်းထွာတာမျိုးက လုံးဝမဖြစ်သင့်ပါဘူး။ နောက်ပြီး စကားဆိုတာ အချိုသာဆုံးပြောနိုင်လေ ပိုနားဝင်လေပါပဲ။

လူသိရှင်ကြားလိုက်လုပ်တာ

play


ချစ်သူဆိုတာ အနီးစပ်ဆုံးလူသားနှစ်ဦးပါ။ ချစ်ရင်လည်း နှစ်ကိုယ်သိ ချစ်လို့၊ နားလည်လို့ရသလို ပြဿနာဖြစ်လာရင်လည်း တတ်နိုင်ရင် နှစ်ဦးနှစ်ဘက် အချင်းချင်းတိုင်ပင်ဆွေးနွေးပြီး ဖြေရှင်းတာက အကောင်းဆုံးပါပဲ။ အဲ့လိုမှမဟုတ်ဘဲ ပြဿနာတိုင်းကို တစ်ကမ္ဘာလုံးသိအောင် ပြောနေ၊ ဆိုနေ၊ အသိပေးနေရင် အရှက်ရစရာတွေ ဖြစ်လာမှာပါ။

နောက်တစ်ယောက်ကို သွားပြဿနာရှာတာ

play


ဒါကတော့ သစ္စာမရှိတဲ့စုံတွဲတွေ ကြုံရတဲ့ ပြဿနာပါ။ ကိုယ့်ကောင်မလေးက နောက်ဘဲထားလို့ အဲ့ဘဲနဲ့ထိုးကြကြိတ်ကြဖြစ်တာမျိုး၊ ကိုယ့်ကောင်လေးက နောက်ကောင်မလေးထားလို့ အဲဒီကောင်မလေးကို သွားပြဿနာရှာ အရှက်ခွဲတာမျိုးက ရှက်စရာအကောင်းဆုံးနဲ့ မဖြစ်သင့်ဆုံးကိစ္စပါပဲ။ အဓိကက ကာယကံရှင်နှစ်ယောက်က အရေးအကြီးဆုံးပါ။

အရွဲ့တိုက်လွန်တာ

play


ဒါလည်းဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ လူဆိုတာတော့ လွယ်လွယ်အရွဲ့တိုက်တတ်တဲ့ စိတ်ခံရှိတတ်ပါတယ်။ ဒါပေမယ့် ချစ်သူနှစ်ဦး အဆင်မပြေလို့ ကိုယ့်ချစ်သူကို အရွဲ့တိုက်ရာကနေ ချစ်သူနဲ့လည်းပြန်အဆင်ပြေဖို့လမ်းမမြင်၊ အရွဲ့တိုက်မှုကြောင့် ဘေးလူတွေပါ ပါဝင်ပတ်သက်ပြီး ထိခိုက်လာကြရရင် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။
Source & Photo: LifeHack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ