Relationships: လက်ရှိချစ်သူနဲ့ ဘယ်လောက်ကြာကြာ တွဲရမလဲ တွက်ပေးမယ့် အက်ပလီကေးရှင်း

လက်ရှိချစ်သူနဲ့ အချစ်ရေး ခိုင်မြဲမလားဆိုတာ သိပ္ပံနည်းကျတွက်ချက်ပေးမယ့် အက်ပလီကေးရှင်းပါ။

play

 

အသည်းကွဲတဲ့ အချိန်မှာ ဝင်လာတတ်တဲ့အတွေးတစ်ခုက ငါ့အချိန်တွေ အတော်ကုန်ခဲ့တာပဲ ဆိုတဲ့ အတွေးမျိုး ဖြစ်ပါတယ်။ အားလုံးမဟုတ်ပေမယ့် အတော်များများ ဒီလို တွေးဖူးကြမှာပါ။

play

 

ချစ်ခင်ရသူနဲ့ မမျှော်လင့်တဲ့အချိန်မှာ ဇာတ်လမ်းတစ်ခန်းရပ်လိုက်ရတာမျိုးကို ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ သင်ဟာ ဘယ်လောက်ပဲ သဘောကျစရာ ကောင်းသူဖြစ်ပါစေ အချစ်ရေးမှာ အမြဲတမ်း ကံကောင်းချင်မှ ကောင်းနိုင်မှာပါ။ ဒါကြောင့် သင့်ရဲ့ လက်ရှိအချစ်ရေး မြဲ၊ မမြဲဆိုတာကို အဖြေထုတ်ပေးမယ့် အက်ပလီကေးရှင်းတစ်မျိုး ထွက်လာပြီဖြစ်ပါတယ်။

play

 

StayGo လို့ခေါ်တဲ့ စမတ်ဖုန်းအက်ပလီကေးရှင်းဖြစ်ပါတယ်။ အက်ပလီကေးရှင်းမှာ သင်ကိုယ်တိုင် စာရင်းသွင်းပြီး မေးခွန်းအချို့ကို ဖြေဆိုပေးရမှာဖြစ်ပါတယ်။ သင်ဖြည့်စွက်တဲ့ အချက်အလက်တွေအပေါ်သာကြည့်ပြီး အဖြေထုတ်ပေးမှာ မဟုတ်ပါဘူး။ သင့်ရဲ့သူငယ်ချင်းတွေထံကိုလည်း အက်ပလီကေးရှင်းကတဆင့် ဖိတ်ခေါ်ပြီး သူတို့အကြံဥာဏ်လှမ်းတောင်းမှာ ဖြစ်ပါတယ်။

play

 

ပို့လိုက်သူက သင်လို့မသိစေချင်ရင် အမည်မသိဆိုရင် သင့်ရဲ့မိတ်ဆွေတွေထံ ရောက်သွားမှာပါ။ အားလုံးဆီက ရလာတဲ့ အချက်အလက်တွေကို တွက်ချက်ပြီး သင်တို့ အချစ်ဇာတ်လမ်း အားကောင်း၊ မကောင်း ဆိုတာနဲ့ ဘယ်လောက်ကြာကြာ မြဲနိုင်မလဲဆိုတာ အဖြေထုတ်ပေးမှာပါ။ သင့်သူငယ်ချင်းတွေဆီက ထောက်ခံမဲကိုလည်း တောင်းလို့ရပါသေးတယ်။ ဥပမာအားဖြင့် သင့်ချစ်သူအပေါ် သူတို့ ဘယ်လိုမြင်လဲဆိုတာကို ထောက်ခံမဲနဲ့ တွက်ချက်နိုင်ပါသေးတယ်။

play

 

သင်ဖြည့်စွက်တဲ့ အချက်အလက်တွေနဲ့ သူငယ်ချင်းတွေရဲ့ ဖြည့်စွက်မှုကိုကြည့်ပြီး အက်ပလီကေးရှင်းက သိပ္ပံနည်းကျ တွက်ချက်ပေးပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ