Relationships: အချစ်ရေးမှာ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တဲ့ အချက် (၄) ချက်

အချစ်ရေးနဲ့ အိမ်ထောင်ရေး ထာဝရတည်မြဲနိုင်ဖို့ အချစ်တစ်ခုတည်းနဲ့ မရပါဘူး။

play

 

ထာဝရတည်မြဲမယ့် ဆက်ဆံရေးကို တည်ဆောက်ဖို့အတွက် ယုံကြည်မှုဆိုတာ လိုအပ်တယ်။ သမီးရည်းစားတွေ၊ အိမ်ထောင်သည်တွေမှာ တစ်ဦးနဲ့တစ်ဦး သဝန်တိုတာ၊ သံသယဖြစ်တာ သဘာဝပါ။ ဒါပေမဲ့ အဲဒါဟာ မဆုံးနိုင်တဲ့ ရန်ပွဲတွေ ဖြစ်ပေါ်စေပြီဆိုရင်တော့ နှစ်ဦးကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့ လိုနေပါပြီ။ အဲဒီပြဿနာကို ဖြေရှင်းဖို့ ဒီအချက် (၄) ချက်ကို ပြုလုပ်သင့်ပါတယ်။

play

 

၁။ လက်ခံနိုင်ဖို့ သင်ယူပါ

အားလုံးပြည့်စုံကောင်းမွန်နေတဲ့သူ မရှိဘူးဆိုတာ သတိရပါ။ သင်လည်း ပြည့်စုံကောင်းမွန်နေတာမှ မဟုတ်ဘဲ။ လူတစ်ယောက်ကို တကယ်ချစ်ရင် အဲဒီလူနဲ့ ပတ်သက်တဲ့ အတိတ်၊ လက်ရှိ သူနဲ့ သက်ဆိုင်တဲ့ အရာအားလုံးနဲ့ လူတွေအားလုံးကို လက်ခံနိုင်ရမယ်။

play

 

၂။ ဆွေးနွေးခြင်းက အဓိကလိုအပ်ချက်ပါ

နှစ်ဦးသား ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ ရန်ဖြစ်ကြလို့ ပြဿနာတွေ ဖြစ်လာတာပါ။ မနာလိုဝန်တိုစိတ်တွေ ဖြစ်ပေါ်လာတိုင်း သင့်ချစ်သူကို စွပ်စွဲတာ၊ ခြိမ်းခြောက်တာတွေလုပ်ပြီး ရန်မရှာသင့်ပါဘူး။ စိတ်အေးလက်အေးထားပြီး စကားပြောပါ။။ သူလုပ်တဲ့ ကိစ္စတစ်ခုကြောင့် ကိုယ်ဘယ်လိုခံစားရတယ်ဆိုတာ သူနားလည်အောင် ပြောပြပါ။ ဒေါသဆိုတာ ဒေါသကိုသာ နှိုးဆွပေးနိုင်ပြီး ဘာကောင်းကျိုးမှ မပေးဘူးဆိုတာကို သတိရပါ။

play

 

၃။ လျှို့ဝှက်ချက်မထားပါနဲ့

သင့်လက်တွဲဖော်ရဲ့ ယုံကြည်မှုကို လိုချင်ရင် ဘာလျှို့ဝှက်ချက်မှ မထားသင့်ပါဘူး။ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ နှစ်ဖက်စလုံးက လျှို့ဝှက်ချက်တွေ မထားဖို့လိုအပ်ပါတယ်။ သင့်ချစ်သူကို သင့်ရဲ့ဖုန်းနဲ့ အီးမေးလ်ကို အချိန်မရွေး သုံးခွင့်ပေးသင့်ပါတယ်။ သူကြိုက်တဲ့အချိန် ရုံးကို လာလည်ခွင့် ပေးသင့်ပါတယ်။ အဲဒီလို နှစ်ဦးသား အပြန်အလှန် ပွင့်လင်းတဲ့အတွက် ဘာသံသယမှ မရှိတော့ပါဘူး။

play

 

၎။ ရဲဘော်ရဲဘက်စိတ် တည်ဆောက်ပါ

ယုံကြည်မှုကို အခြေခံတဲ့ ခိုင်မာတဲ့ ဆက်ဆံရေးဖြစ်ချင်ရင် သင့်ရဲ့လက်တွဲဖော်နဲ့ သူငယ်ချင်းလို ခင်မင်မှုမျိုး တည်ဆောက်ယူရပါမယ်။ သင့်ရဲ့ချစ်သူကို စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအားဖြင့် သင့်ကို ဆွဲဆောင်နိုင်သူ အဖြစ်တင် မမြင်ပါနဲ့။ သင်ပြောချင်တာ ပြောနိုင်သူ၊ အတူ ပျော်ရွှင်နိုင်သူ၊ အားကိုးနိုင်သူအဖြစ် မြင်ပါ။ အဲဒါဆိုရင် လေးစားမှုနဲ့ ယုံကြည်မှုတွေ မြင့်မားလာပြီး တစ်ယောက်နဲ့ တစ်ယောက် ပိုချစ်လာပါလိမ့်မယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ