AD
AD
AD
play

 

လူဆိုတာကတော့ စိတ်ခံစားမှုတွေနဲ့တည်ဆောက်ထားတာပါ။ ဒါပေမယ့် လူတစ်ယောက်နဲ့တစ်ယောက် စိတ်ခံစားမှုချင်းတော့ မတူကြဘူးပေါ့။ အဲ့ဒီလိုလူမျိုးတွေကို ချစ်သူတော်မိတဲ့အခါ ကာင်းတဲ့အချက်လေးတွေရှိပါတယ်။

၁။ သူဘာဖြစ်လဲဆိုတာ ချက်ချင်းသိနိုင်တယ်

ကိုယ်ဘာပြောရင်သူဝမ်းနည်းသွားတတ်သလဲ၊ ကိုယ်ဘာလုပ်ရင်သူဝမ်းသာသွားမလဲသိနေတော့၊ သူ့အမူအရာအနေအထားအပေါ်မှာတင် သူ့စိတ်ကို ကိုယ်ကဖတ်လို့ရနေပါပြီ။

play

 

၂။ ပိုတွယ်တာတတ်ကြ

များသောအားဖြင့် စိတ်ခံစားလွယ်တဲ့သူတွေဟာ အားငယ်တာ၊ ၀မ်းနည်းတာတွေ ပိုဖြစ်လေ့ရှိပါတယ်။ အဲဒီလိုအခါမျိုးမှာ ကိုယ်ကအားပေးနှစ်သိမ့်တော့ ကိုယ့်ကိုပိုပိုချစ်လာ၊ တွယ်တာလာမှာ အသေအချာပါပဲ။

play

 

၃။ သိပ်အလိုလိုက်စရာ မလိုဘူး

သူကကိုယ့်ကိုဆိုးချင်တာထက် သူ့ဘာသာဝမ်းနည်းနေတာ၊ သ၀န်တိုနေတာ၊ စိတ်အားငယ်နေတာက များနေတာပါ။ ကိုယ့်ကိုအနိုင်ယူဖို့ထက် သူနဲ့ညှိနှိုင်းပြီးနီးနီးကပ်ကပ်နေပေးဖို့၊ ချစ်ပေးဂရုစိုက်ပေးဖို့က ပိုအရေးကြီးနေပါမယ်။

play

 

၎။ ရိုမန်တစ်ဆန်ဆန်လေး နေလို့ရတယ်

စိတ်ခံစားလွယ်တဲ့သူတွေဟာ ၀မ်းနည်းတာလည်းလွယ်သလို၊ ပျော်ရွှင်ဝမ်းသာတာလည်းလွယ်ပါတယ်။ အဲ့တော့ ကဗျာဆန်ဆန် ရိုမန်တစ်ဖြစ်မယ့် အချစ်ရေးအချစ်ရာ ဗျူဟာနည်းလမ်းလေးတွေကိုသုံးရင် တကယ်ကို ရုပ်ရှင်ဝတ္ထုတွေထဲက ချစ်သူစုံတွဲတွေလို ပျော်ရွှင်ရမှာ သေချာသလောက်ပါပဲ။

play

 

၅။ အချစ်မေတ္တာကို ပိုတန်ဖိုးထားတတ်လာတယ်

ကိုယ်သူ့အပေါ်ထားတဲ့အချစ်၊ သူကိုယ့်အပေါ်ချစ်တဲ့အချစ်ကို ခပ်ပေါ့ပေါ့မတွေးတော့ဘူး။ သူ့စိတ်ခံစားချက်ကိုပါ ထည့်သွင်းစဉ်းစားတွေးတောပေးလာတော့ တန်ဖိုးထားရမယ့်အချက်တွေကို သေသေချာချာသိလာတယ်။ ခံစားတတ်လာတယ်။

Source : Cosmopolitan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD