Relationships: အိမ်ထောင်ပြုပြီး ပထမဆုံးနှစ်မှာ ကြုံရတဲ့ အရာ (၁၀) ခု

အိမ်ထောင်ပြု ပထမဆုံးနှစ်မှာ အတွေ့အကြုံသစ် များစွာ ရတတ်ပါတယ်။

play

 

အိမ်ထောင်ပြုတယ်ဆိုတာ ဘဝရဲ့ ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခုကို ချိုးကွေ့လိုက်တာလို့ ဆိုနိုင်ပါတယ်။ သင်ဟာ မင်္ဂလာနေ့ရက်အတွက် ရင်ခုန်စိတ်လှုပ်ရှားပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့မယ်ဆိုတာ သေချာပါတယ်။

အိမ်ထောင်ပြုပြီး တစ်နှစ်အတွင်းမှာ စုံတွဲတိုင်း မလွဲမသွေ ကြုံတွေ့ရတတ်တဲ့ အရာ (၇) ခုရှိပါတယ်။

၁။ အမေးခံရ

play

 

ကလေး ဘယ်တော့ယူမလဲဆိုတာ အပြင်ထွက်တိုင်း အမေးခံရမှာပါ။ မြန်မြန်ယူတော့လေ ဆိုတာမျိုးလည်း ခဏခဏ အပြောခံရမှာ ဖြစ်ပါတယ်။

၂။ စပ်စုခံရ

အေးဆေးပဲမလား။ အဆင်ပြေမတယ်မလား ဆိုတာလည်း သူငယ်ချင်းတွေကြားမှာ အမေးခံရမှာပါ။ အမှန်တော့ သင့်ရဲ့ အိမ်ထောင်ရေး အခြေအနေကို သူတို့ သိချင်၊

စပ်စုချင်ကြတာဖြစ်ပါတယ်။

၃။ လေ့ကျင့်ယူရ

ယောက်ျားရေ၊ မိန်းမရေ ဆိုပြီး ခေါ်ဖို့အတွက် နေ့တိုင်း လေ့ကျင့်ယူနေရပါတယ်။ အနည်းဆုံး တစ်လ၊ နှစ်လလောက်တော့ ပါးစပ်က ဒီလိုခေါ်ဖို့ လေ့ကျင့်ယူရပါတယ်။

၎။ အပြင်မထွက်ရ

play

 

ညဘက် သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာတွေ လျှော့လိုက်ရတော့မှာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အပြင်တွေထွက်တာကို မလျှော့ရင် သင်အိမ်တွင်းတိုက်ပွဲတွေ ဖြစ်ရတော့မှာပါ။

၅။ အိမ်မှာပဲ သောက်ရမယ်

သောက်မယ်၊ စားမယ်ဆိုရင်လည်း လက်ထပ်ပြီးစ ပထမဆုံးနှစ်မှာတော့ အိမ်မှာပဲ ကြရတာများပါတယ်။ အပေါင်းအသင်းတွေကို အိမ်ဖိတ်ခေါ်ပြီး ကိုယ်က အိမ်ရှင်လုပ်ပေးရပါတယ်။

၆။ အချစ်အကြောင်း ပိုသိလာမယ်

လက်ထပ်ပြီးတဲ့အခါ အချစ်အကြောင်း ပိုသိလာကြတတ်ပါတယ်။ တကယ်တမ်း အိမ်ထောင်ရေးတစ်ခုမှာ အချစ်က အစိတ်အပိုင်းတစ်ခုပဲဆိုတာ ပိုပြီး နားလည်လာမှာ ဖြစ်ပါတယ်။

၇။ ဓာတ်ပုံတွေပြန်ကြည့်မယ်

play

 

မင်္ဂလာဆောင်တဲ့နေ့တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို မကြာခဏ ထုတ်ကြည့်ဖြစ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေရောက်ရင်တော့ တစ်ခါတစ်ရံမှ ကြည့်ဖြစ်တော့မှာ ဖြစ်ပါတယ်။ 

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ