Relationships: သင့်ကို သူစိတ်ကုန်နေပြီဆိုတာ ပြတဲ့ လက္ခဏာ (၁၁) ရပ်

သင်ကိုယ်တိုင်လည်း မပျော်တော့ပါဘူး။

play

 

လူတစ်ယောက်က အချစ်ရေးကို စိတ်ကုန်လာတဲ့အခါမှာ ဒီလိုပုံစံတွေ ဖြစ်လာတတ်ပါတယ်။

၁။ အရင်လို နွေးနွေးထွေးထွေး ကြင်ကြင်နာနာ မရှိတော့ဘူး။

၂။  အရင်က သူစိတ်တိုနေကျ ကိစ္စရပ်တွေကို စိတ်မတိုတော့ဘူး။

၃။ သင်လုပ်သမျှကို အကောင်းမြင်စိတ်နဲ့ ကြည့်မယ့်အစား မကောင်းမြင်စိတ်တွေ များလာပြီ။

play

 

၎။ ချက်ချင်းကြီးဆိုသလို ငွေရေးကြေးရေးက အဓိက ပြဿနာဖြစ်လာတယ်။

၅။ သူ ဖောက်ပြန်နေပြီလားလို့ သင့်စိတ်မှာ သံသယဝင်လာတယ်။

၆။ သင်ပို့တဲ့စာ ဒါမှဟုတ် သင့်ဖုန်းကို အရင်လို တုံ့ပြန်တာမျိုး မရှိတော့ဘူး။

၇။ သင်က သူ့ရဲ့ အဓိက ဦးစားပေး မဟုတ်တော့ဘူး။

၈။ သင့်ကို အရင်လို မချုပ်ချယ်တော့ဘူး။

play

၉။ သင်နဲ့ ဝေးရာမှာနေဖို့ အမြဲအကြောင်းရှာနေတယ်။

၁၀။ ဒေါသထွက်လွယ်လာတယ်။ အကြောင်းပြချက် ရေရေရာရာမရှိဘဲ ရန်ဖြစ်ချင်တယ်။

၁၁။ သူ့ကြည့်ရတာ စိတ်ဓာတ်ကျနေသလို ဖြစ်နေတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ