Relationships: လူစိမ်းတစ်ယောက်နဲ့ ခင်အောင် လုပ်နည်း

သင် စပြောလိုက်တာနဲ့ သင်ခင်ချင်တယ်ဆိုတာ သူကလည်း သိပါတယ်။

play

 

မျက်လုံးချင်းဆုံပါ၊ ပြုံးပါ

ဒီလို လုပ်ဖို့ လူတိုင်းသိပေမဲ့ အဓိက အခက်ခဲက တစ်ဖက်က တုံ့ပြန်မှာကို ကြောက်တာပါ။ ဒါပေမဲ့ တစ်ဖက်လူကလည်း လူ့အသိုင်းအဝိုင်းကပဲ ဖြစ်တာကြောင့် ဘယ်လိုတုံ့ပြန်ရမလဲ သိပါတယ်။ တစ်ဖက်ကလည်း သင့်ကို သတိထားမိတယ်ဆိုမှ ဒီနည်းကို သုံးပါ။

ချီးကျူးစကား

ချီးကျူးစကားပြောတာကလည်း တစ်ဖက်လူစိတ်မှာ သင့်ကို စွဲစွဲထင်ထင် ရှိစေပါတယ်။ ဒါပေမဲ့  ပါးပါးနပ်နပ်ပြောဖို့ လိုပါတယ်။ "ခင်ဗျားဝင်လာကတည်းက ကြည့်နေတာ၊ အဲ့လိုအင်္ကျီမျိုး ကျွန်တော့်အစ်မမှာလည်း ရှိတယ်၊ မိန်းကလေးတွေနဲ့ တော်တော်လိုက်တာပဲ" ဆိုတာမျိုးပါ။

play

 

ကူညီ

သူသွားဖို့ တံခါးဖွင့်ပေးလိုက်တာမျိုး၊ လေးနေတဲ့ တစ်ခုခုကို သယ်လာရင် ဝင်ကူသယ်ပေးလိုက်တာမျိုးက သင်က ခင်စရာကောင်းတဲ့လူလို့ စိတ်မှာ ထင်သွားစေပါတယ်။

စကား

သင် စပြောလိုက်တာနဲ့ သင်ခင်ချင်တယ်ဆိုတာ သူကလည်း သိပါတယ်။ သူ့ဘက်က ခင်ချင်တယ်ဆိုရင် စကားပြန်စမှာပါ။ အရေးကြီးတာက စစချင်းမှာ အကြီးကြီးတွေ မပြောမိဖို့ပါ။ ပေါ့ပေါ့ ပါးပါးလေးနဲ့ စပါ။

*** တစ်ဖက်လူက သင်နဲ့ မခင်ချင်ဘူးဆိုရင်တော့ ဘယ်လိုမှ ခင်အောင်လုပ်လို့ ရမှာ မဟုတ်ပါဘူး။

Photos & Source: Elite Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ