Relationships: အချစ်ကို တန်ဖိုးထားတဲ့ ကနေဒါဝန်ကြီးချုပ်

ဝန်ကြီးချုပ် ဂျက်စတင်က G7 အစည်းအဝေး မတိုင်မီတစ်ရက်မှာ သူ့အနေနဲ့ မည်သည့် လုပ်ငန်းတာဝန်ကိုမျှ လုပ်ဆောင်မှာ မဟုတ်ဘဲ ဇနီးဖြစ်သူ ဆိုဖီနဲ့အတူ မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပသွားမှာပါ။

play


ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒီးရဲ့ ချစ်တတ်ပုံက ပြောစမှတ်ဖြစ်လာခဲ့ပါတယ်။ အသက် ၄၄ နှစ်အရွယ် ကနေဒါဝန်ကြီးချုပ်က ဂျပန်နိုင်ငံမှာ G7 အစည်းအဝေး တက်ရောက်ဖို့ ရောက်ရှိနေပါတယ်။

play


ဝန်ကြီးချုပ် ဂျက်စတင်က ဂျပန်မှာရှိနေစဉ်အတွင်း G7 အစည်းအဝေး မတိုင်မီတစ်ရက်မှာ သူ့အနေနဲ့ မည်သည့် လုပ်ငန်းတာဝန်ကိုမျှ လုပ်ဆောင်မှာ မဟုတ်ဘဲ ဇနီးဖြစ်သူ ဆိုဖီနဲ့အတူ မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပသွားမယ်လို့ အင်္ဂါနေ့ (မေလ ၂၄ ရက်) က ပြောကြားခဲ့ပါတယ်။

play


အလုပ်နဲ့ဘဝ ဟန်ချက်ညီမျှဖို့ မဖြစ်မနေ လိုအပ်တယ်လို့လည်း ဝန်ကြီးချုပ်ဂျက်စတင်က ဆိုပါတယ်။ ကနေဒါဝန်ကြီးချုပ် ဇနီးမောင်နှံဟာ တနင်္လာနေ့ (မေလ ၂၃ ရက်) က ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီး G7 အစည်းအဝေးမတိုင်မီ ယနေ့ (မေလ ၂၅ ရက်) မှာ သူတို့နှစ်ဦးရဲ့ ၁၁ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပမှာ ဖြစ်ပါတယ်။

play


စက်မှုဖွံ့ဖြိုးပြီး နိုင်ငံ ခုနစ်နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ ဗြိတိန်တို့ရဲ့ G7 နှစ်ပတ်လည် အစည်းအဝေးကို ဂျပန်နိုင်ငံမှာ ကြာသပတေးနေ့ (မေလ ၂၆ ရက်)နဲ့ သောကြာနေ့ (မေလ ၂၇ ရက်) တို့မှာ ကျင်းပမှာဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
Source & Photo: AP, CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ