Relationships: ဘဝတစ်သက်တာအတွက် အဖော်မွန်ဆိုတာ...

ဘဝအဖော်မွန်ဆိုတာ သင့်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးသူဖြစ်ပါတယ်။

play

 

ယောက်ျားတွေက သူတို့ရဲ့ နံရိုးတစ်ချောင်းကို လိုက်ရှာနေကြပြီး မိန်းကလေးတွေက သူတို့ရဲ့ နံရိုးပိုင်ရှင်ကို လိုက်ရှာနေကြတယ်လို့ အဆိုရှိတယ်။ ဆိုလိုချင်တာက သင့်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့်သူတစ်ဦးကို ပြောတာပါ။

ဒီအချက်တွေသာ ပြည့်စုံနေရင် သူဟာ သင့်ရဲ့ဘဝအဖော်မွန်ဖြစ်တယ်လို့ ဆိုနိုင်ပါပြီ။

play

 

၁။ သူက သင့်ရဲ့တစ်သက်တာ အဖော်မွန်လို့ စိတ်က အလိုလိုသိတယ်။

၂။ ငြိမ်သက်စွာ အတူရှိနေချိန်မှာ ငြိမ်းချမ်းမှုကို ခံစားရတယ်။

၃။ တစ်ဦးအတွေးကို တစ်ဦးက စိတ်နဲ့ ကြားတယ်။

၎။ တစ်ဦးရဲ့နာကျင်မှုကို တစ်ဦးက ခံစားနိုင်တယ်။

play

 

၅။ တစ်ဦးရဲ့ ကောင်းကွက်တွေနဲ့ ဆိုးကွက်တွေကို တစ်ဦးက သိတယ်။

၆။ တူညီတဲ့ ပန်းတိုင်ရှိကြတယ်။

၇။ နှစ်ယောက်တည်း စကားပြောနေရတာကို ပျော်တယ်။

၈။ မနာလိုဝန်တိုမှုတွေ မရှိဘူး။ (တစ်ဦးပေါ်တစ်ဦး ယုံကြည်တယ်)

၉။ မတူညီတဲ့ အတွေးအမြင်တွေကို လေးစားပေးတယ်။

play

 

၁၀။ တစ်ယောက်နဲ့တစ်ယောက် မအော်ဟစ်ဘူး၊ ကွဲမယ်ကွာမယ် မခြိမ်းခြောက်ဘူး။

၁၁။ တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်။

၁၂။ မှားတဲ့အခါ တောင်းပန်ဖို့ ဝန်မလေးဘူး။

play

 

၁၃။ တစ်ဦးရဲ့ လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေးနိုင်တယ်။

၁၄။ သူ့ရင်ခွင်ထဲ ဝင်လိုက်တာနဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်စိတ်တွေ ပြေပျောက်ကုန်တယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ