Relationships: တကယ်ဖြစ်ခဲ့ဖူးတဲ့ အဆိုးဝါးဆုံး ချိန်းတွေ့မှု (၈)ခု

, updated

ပထမဆုံးချိန်းတွေ့တွေ့ချင်း ဆိုင်မှာညစာစားကြတယ်။ ပိုက်ဆံရှင်းခါနီး သူကပိုက်ဆံအိတ်မေ့ကျန်ခဲ့တယ်ပြောလို့ ကျွန်မရှင်းလိုက်တယ်။

play


တကယ်ကြုံခဲ့တဲ့ မိန်းကလေးတွေက ရင်ဖွင့်ပြောပြခဲ့တာပါ။ ရယ်ရခက်၊ ငိုရခက်နဲ့ တချို့အဖြစ်အပျက်တွေက အူကြောင်ကြောင်နိုင်လှပါတယ်။ ပြောပြထားသူတွေရဲ့ စကားပြောလေးအတိုင်း သူတို့နာမည်နဲ့အတူ တင်ဆက်ပေးလိုက်ပါတယ်။

play


၁။ ချိန်းထားပြီး ချိန်းထားတဲ့အချိန်မတိုင်ခင် သူ့ဆီကဖုန်းဝင်လာတယ်။ သူ နောက်ကျမယ်တဲ့။ ဘာလို့လည်းဆိုတော့ အသုဘတစ်ခုကိုမသွားခင် အလောင်းကိုသယ်ပြီး အသုဘအခမ်းအနားကိုဝင်ပို့ပေးမှာမို့လို့ပါတဲ့။ အဲ့ဒီ့ကနေတန်းလာခဲ့ပါ့မယ်တဲ့။ - နစ်ကီ ဒီ

play


၂။ ချိန်းတွေ့ကာစ တွေ့တွေ့ချင်းသူပြောလိုက်တာက " ကျွန်တော်တို့ရလာတဲ့ကလေးတွေကို ဖက်တီးလေးတွေမဖြစ်စေချင်ဘူး။ ဖက်တီးတွေက အလုပ်လည်းကောင်းကောင်းမရဘူး။ ပိုက်ဆံလည်းကောင်းကောင်းမရှာနိုင်ဘူး။ ဒါကြောင့် ခင်ဗျားတစ်ပတ် ဘယ်နှစ်ကြိမ် လေ့ကျင့်ခန်းလုပ်သလဲ " - ကယ်ရီ ကေ

play


၃။ သူ့ကားပေါ်မှာ သူက ကားမောင်းနေတုန်း " ငါမင်းနဲ့ တိရစ္ဆာန်လိုနေချင်တယ် " ဆိုတဲ့သီချင်းကို ကျွန်မမျက်လုံးကို တည့်တည့်ကြည့်ပြီးဆိုတယ်။ ဆွဲဆောင်မှုလည်းမရှိပါဘူး။ - အယ်နစတေရှာ ပီ

play


၎။ သူ့အိမ်ကိုကျွန်မကိုဖိတ်တယ်။ သူ့မိသားစုနဲ့ပါညစာစားရတယ်။ သူ့ညီမက ကျွန်မကိုတွေ့တွေ့ချင်းပဲ ငိုပြီးထွက်ပြေးသွားတယ်။ ကျွန်မသူ့အိမ်ကလည်းပြန်ရော ကျွန်မဆွဲကြိုးမရှိတော့ဘူး။ သူ့ညီမယူထားတယ်လို့ သူဖုန်းဆက်တယ်။ - ဟေလီ အယ်လ်

play


၅။ သူနဲ့ကျွန်မ အပြင်မှာတွေ့တော့ တစ်ယောက်ဓာတ်ပုံတစ်ယောက်ရိုက်ယူလိုက်တယ်။ သူကကျွန်မပုံကိုရိုက်ပြီး ဓာတ်ပုံကိုကြည့်ရင်း " မင်းက ရင်ဘတ်မလှဘူး။ ငါကရင်ဘတ်လှမှကြိုက်တာ " လို့ပြောတယ်။ - အမန်ဒါ အေ

play


၆။ ပထမဆုံးချိန်းတွေ့တွေ့ချင်း ဆိုင်မှာညစာစားကြတယ်။ ပိုက်ဆံရှင်းခါနီး သူကပိုက်ဆံအိတ်မေ့ကျန်ခဲ့တယ်ပြောလို့ ကျွန်မရှင်းလိုက်တယ်။ ကျွန်မရှင်းနေတုန်း သူက အိမ်သာသွားချင်တယ်ဆိုပြီး တိတ်တိတ်လေးပြန်သွားတာကို ကျွန်မမျက်မြင်တွေ့လိုက်ရတာ... - အန်နာ ဘီ

play


၇။ ချိန်းတွေ့ပြီးပြန်ခါနီးမှာ သူ ကျွန်မကိုအကြင်နာပေးတယ်။ အဲ့တာက ပေါင်မုန့်ကိုဝါးစားနေသလိုပဲ။ ကျွန်မသူ့ကိုထပ်မဆက်သွယ်ရဲတော့ဘူး။ - မေရီ ကိတ် အမ်

play


၈။ သူ့အိမ်မှာချိန်းတွေ့နေတုန်း သူ့ရည်းစားဟောင်းက သူ့အိမ်တံခါးလာခေါက်လို့ ကျွန်မကို အိမ်ခေါင်မိုးပေါ်မှာ တက်ပုန်းခိုင်းထားတယ်။ ရည်းစားဟောင်းမပြန်မချင်းပဲ။ သူ့အိမ်နီးချင်းတွေက ကျွန်မကိုအရူးလိုကြည့်နေကြတယ်။ - မေဆန် ဘီ

Source - wiki

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ