Relationships: အသည်းကွဲဝေဒနာကို ကုစားဖို့ လုပ်ရမယ့် အရာ (၅) ခု

အသည်းကွဲဝေဒနာဟာ ဆရာဝန်လည်း ပြလို့မရတဲ့ ဆိုးရွားတဲ့ဝေဒနာတစ်ခုပါပဲ။

play

 

ကိုယ်တန်ဖိုးထားတဲ့ အချစ်ရေးတစ်ခု အဆုံးသတ်သွားတဲ့အခါမှာ ဝမ်းနည်းကြေကွဲပြီး ဆောက်တည်ရာမရ ခံစားကြရပါတယ်။ လူတိုင်းခံစားဖူးတယ်၊ ကိုယ်လည်း ခံစားချင် ခံစားဖူးမှာ ဖြစ်ပေမဲ့လို့ နာကျင်မှုကတော့ မသေးလှပါဘူး။

ဒါပေမဲ့ အဲဒီဝေဒနာကနေ အမြန်ဆုံး နလန်ထူနိုင်ဖို့အတွက် နည်းလမ်းတွေ ရှိနေပါတယ်။ အဲဒီတော့ သင်အသည်းကွဲနေတယ်ဆိုရင် အဲဒီဝေဒနာကြီးကို ပေကပ်ခင်တွယ်မနေဘဲ အမြန်ဆုံး ပျောက်ကင်းနိုင်ဖို့ ဒီနည်းလမ်းလေးတွေကို ကြိုးစားလုပ်ဆောင်ကြည့်လိုက်ပါ။

play

 

၁။ အသည်းကွဲဝေဒနာပျောက်ဖို့ အချိန်ပေးရပါတယ်

အချိန်က အရာအားလုံးကို ကုစားနိုင်တယ်ဆိုတဲ့စကားက ထပ်ချည်းတလဲလဲပြောနေတဲ့ စကားဖြစ်ပေမဲ့ အရမ်းမှန်တဲ့စကားလည်း ဖြစ်ပါတတယ်။ အသည်းကွဲေ​​ဝဒနာပျောက်ကင်းဖို့ ဘယ်လောက်ထိကြာမယ်ဆိုတာ မပြောနိုင်ပေမဲ့ အချိန်ကာလကြာမြင့်ပြီဖြစ်တဲ့ အချစ်ရေးတစ်ခုကို အဆုံးသတ်လိုက်တာဆိုရင် လအနည်းငယ်တော့ အချိန်ယူရပါလိမ့်မယ်။ အချိန်ဘယ်လောက်ကြာကြာ အရေးမကြီးပါဘူး။ တဖြည်းဖြည်း ဝေဒနာတွေ သက်သာလတာကို သင်မြင်လာရင် သင်သွားနေတဲ့ လမ်းကြောင်းက မှန်ကန်လို့ပါပဲ။

play

 

၂။ နေ့တဓူဝကိစ္စလေးကို ဂရုစိုက်လုပ်ဆောင်ပါ

အသည်းကွဲတဲ့အခါ စားချင်စိတ်တွေ၊ အိပ်ချင်စိတ်တွေနဲ့ အလုပ်လုပ်ချင်စိတ်တွေ မရှိတော့တတ်ကြပေမဲ့ အိပ်ရာထဲပဲ လဲနေပြီး ပူဆွေးသောကရောက်နေတာမျိုးလုပ်နေတာ မကောင်းပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အိပ်ရာထ၊ ရေချိုး၊ အဝတ်အစားလဲပြီး စားစရာရှိတာစားပါ။ နည်းနည်းဝင်လည်း နည်းနည်းစားပါ။ အလုပ်ကိုလည်း လုပ်နိုင်အောင်လုပ်ပါ။

play

 

၃။ အသည်းကွဲဖူးတဲ့သူတွေနဲ့ တွေ့ဆုံပါ

သင့်သူငယ်ချင်းတွေထဲမှာ အသည်းကွဲဖူးပြီး အခု ဘဝကိုအဆင်ပြေပြေလျှောက်လှမ်းနေသူတွေ ရှိမှာပါ။ သူတို့တွေရဲ့အတွေ့အကြုံတွေကို မေးပါ။ သင်ရင်ဆိုင်နေရတဲ့ ခံစားချက်မျိုး ခံစားဖူးတဲ့သူတွေရဲ့ အတွေ့အကြုံတွေကို ကြားရတဲ့အခါ စိတ်ညစ်နေတာတွေ သက်သာသွားနိုင်ပါတယ်။

play

 

၎။ အဆိုးမြင်တဲ့အတွေးတွေကို မောင်းထုတ်ပါ။

သင်ချစ်တဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာ လူက ဘာပဲဖြစ်ဖြစ် အဆိုးမြင်နေတဲ့သူ ဖြစ်ပြီး နောက်ထပ် အချစ်ရေးတစ်ခု ဖန်တီးဖို့ စိတ်ကုန်နေနိုင်ပါတယ်။ ငါ့ကို ဘယ်သူမှ တကယ်ချစ်မှာမဟုတ်ဘူး။ ငါဘယ်တော့မှ ပျော်ရွှင်ရတော့မှာမဟုတ်ဘူးလို့ တွေးနေနိုင်ပါတယ်။ အဲဒီလိုအတွေးဝင်လာရင် သေချာ ဦးနှောက်သုံးပြီး စဉ်းစားပါ။ ဒါဟာ မဖြစ်နိုင်ဘူးဆိုတာ သင်သဘောပေါက်လာပါလိမ့်မယ်။

play

 

၅။ ကိုယ့်ကိုကိုယ် အမြဲအလုပ်များနေပါစေ

ဒီနည်းလမ်းက ပိုပြီးထိရောက်တတ်ပါတယ်။ သင့်မှာ ချစ်သူတစ်ယောက်အတွက် သင့်ရဲ့လူနေမှုဘဝနဲ့ ဝါသနာတွေကို လျစ်လျူရှုထားခဲ့ရတယ် မဟုတ်လား။ အဲဒီတော့ ဒီအချိန်မှာ သင်ဖြစ်ချင်တာတွေ၊ သင်လုပ်ချင်ရာတတွေ လုပ်နိုင်ပြီလေ။ သူငယ်ချင်းဟောင်းတွေနဲ့ တွေ့ပါ။ ချစ်သူကြောင့် စွန့်လွှတ်ခဲ့ရတဲ့ ဝါသနာပါတဲ့အလုပ်တွေကို စတင်ပြုလုပ်ပါ။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ