AD
AD
AD
play

 

လူတွေက အမြဲတမ်း ရိုးရှင်းမနေပါဘူး။ ကိုယ်က ရိုးရိုးသားသား ရင်ခုန်စိတ်လှုပ်ရှားပေမဲ့ တချို့က အချစ်ကို ကစားစရာလေးလို သတ်မှတ်ကြတယ်။ အဲဒီအတွက် ခံစားမနေပါနဲ့။ ကိုယ့်အပေါ် တကယ်နှစ်သက်လို့ မဟုတ်ဘဲ ခပ်ကျောကျော လာလုပ်တဲ့ ယောက်ျားတွေကို ဒီနည်းတွေအတိုင်း ပြန်ပြီး တုံ့ပြန်လိုက်ပါ။

၁။ သူပြောတာကို မကြိုက်တဲ့အခါ ရူးနေလားလို့ မေးပါ

သူပြောတဲ့ စကားကို သင်မနှစ်သက်တဲ့အခါ ဟန်ဆောင်ပြီး သူရှင်းပြနေတာကို နားထောင်မနေပါနဲ့။ နင်အရူးပဲလို့သာ ပြောလိုက်ပါ။ သူ သင့်ကို စိတ်မကောင်းအောင် လုပ်ပြီးရင် သင့်အပေါ် ဘယ်လိုတုံ့ပြန်သလဲ။ အဲဒီလိုပဲ သူစိတ်ဆိုးသွားရင် သူလုပ်ခဲ့တဲ့အတိုင်းပဲ ပြန်လုပ်ပါ။ ကိုယ်မှားမှား မှန်မှန် ဂရုစိုက်မနေပါနဲ့။

၂။ သူ မက်ဆေ့ပို့လာရင် ချက်ချင်း ပြန်မပို့နဲ

သင့်ကို သူက မေးခွန်းတစ်ခု မေးတဲ့အခါ ဒါမှမဟုတ် မနက်ခင်းမှာ လှမ်းပြီးနှုတ်ဆက်တဲ့အခါ စာကို ဖတ်ပြီး မေ့လိုက်ပါ။ ကိုယ့်ဘသာ လုပ်စရာရှိတာလုပ်။ သွားစရာရှိတာသွားပါ။ သူ စောင့်နေပါလေ့စေ။

play

 

၃။ သူ့စိတ်တွေ ယိမ်းယိုင်လာတဲ့အခါ ရည်းစားမလိုချင်ဘူးလို့ ပြောလိုက်ပါ

သူက သင့်ဆီကို အချစ်သင်္ကေတပုံလေးတွေ ပို့လာတဲ့အခါမျိုးမှာ သင်ဟာ ရည်းစားထားချင်တာ မဟုတ်ဘူးလို့ ပြောပါ။

၎။ ညဥ့်နက်သန်းခေါင်အချိန်မှာ သူ့ဆီ ဖုန်းဆက်ပါ

သူငယ်ချင်းတွေနဲ့ ညဘက်လျှောက်လည်တဲ့အခါ သူ့ဆီကို ဖုန်းခဏခဏ ဆက်ပြီး နိုးနေလားလို့ မေးပါ။ အနီးအနားမှာရှိတဲ့ အမှိုက်ပုံးပုံကို ရိုက်ပြီး သူ့ဆီ ပို့ပါ။

၅။ သူနဲ့ တွေ့ဖို့ စီစဉ်ပါ၊ ပြီးရင် အဆက်အသွယ်ဖြတ်ထားပါ

သူနဲ့အတူ အအေးသောက်ချင်တယ်၊ မုန့်စားချင်တယ်၊ သူနဲ့ အရမ်းတွေ့ချင်တယ်လို့ ပြောပါ။ ပြီးရင် အဆက်အသွယ်လုံးလုံး ဖြတ်ထားလိုက်ပါ။ သူက တွေ့ဖို့ကိစ္စ မေးရင်လည်း ဘာမှ ပြန်မပြောပါနဲ့။

play

 

၆။ သူ့ကို စိတ်ရှုပ်အောင်လုပ်ပါ

နေ့တိုင်း ဂွတ်မောနင်းလို့ တစ်ပတ်လောက်ပို့ပါ။ သူ့ကို ကိုယ်က စိတ်ဝင်စားနေသယောင်ပြပါ။ သူနဲ့ အပြင်သွားဖြစ်တဲ့အခါ ကြည်နူးသယောင်ပြပါ။ သူ့ကို ဂရုစိုက်ပြပါ။ သူ့ကို ရွှန်းရွှန်းစားစားကြည့်ပြီး သူပြောတာတွေ လုပ်တာတွေကို ချီးမွမ်းပါ။ အဲဒီလို တစ်ပတ်လောက် လုပ်ပြီးရင် နောက်တစ်ပတ် သူ့ကို လျစ်လျူရှုထားပါ။

၇။ အလုပ်တွေ အရမ်းများနေချင်ယောင် ဆောင်ပါ

သူက သင်နဲ့ တွေ့ချင်တယ်ပြောရင် အရမ်း အလုပ်ရှုပ်နေတယ်ပြောပါ။ ကိုယ်က စပြီးချိန်းတယ်ဆိုရင်တောင် နာရီဝက်လောက်ပဲ ကြိုပြောပါ။ သူ မအားလို့ အချိန်ပြောင်း ချိန်းရင် အဲဒီအချိန် မအားဘူးလို့ ပြောပါ။

play

 

၈။ အဆင်ပြေသွားရင် ဘာအကြောင်းပြချက်မှ မပေးဘဲ အဆက်အသွယ်ဖြတ်လိုက်ပါ

အားလုံး အဆင်ပြေနေပြီး သူက သင့်အပေါ် တကယ်ကြွေသွားပြီဆိုရင် လုံးဝ အဆက်အသွယ် ဖြတ်လိုက်ပါ။ သူ့ဖုန်းတွေနဲ့ သူ့မက်ဆေ့တွေကို မပြန်ပါနဲ့။ ဘာဖြစ်တာလဲလို့ သူ မေးတဲ့ မက်ဆေ့တွေ ရောက်လာရင် သူငယ်ချင်းတွေကို ပြပြီးတော့ ဟားတိုက်လိုက်ပါ။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD