၁၉၆၆ ခုနှစ် အောက်တိုဘာလက မင်္ဂလာဆောင်ခဲ့တာ ဖြစ်ပါတယ်။
 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က ဝတ်စုံကို ဝတ်လို့ရသေးတဲ့ သူတွေဆိုတာ များများစားစား မရှိနိုင်ပါဘူး။

 

ဒါပေမဲ့ ၁၉၆၆ ခုနှစ်မှာ မင်္ဂလာဆောင်ခဲ့တဲ့ ဇနီးမောင်နှံကတော့ သူတို့ရဲ့ ရွှေရတုမင်္ဂလာနှစ်ပတ်လည်နေ့မှာ မင်္ဂလာဆောင်စဉ်က ဝတ်စုံတွေကို ဝတ်ဆင်နိုင်ခဲ့ပါတယ်။

 

ကာလိုအန်းနဲ့ ဂျင်မ်တန်ဖီးလ်တို့ဟာ သူတို့ရဲ့မြေးမလေး ဟေလီ အိမ်ကိုလာလည်ပြီး မိသားစုဓာတ်ပုံကို ကြည့်ပြီးတဲ့နောက် မင်္ဂလာဝတ်စုံနဲ့ သူတို့ တော်သေးတယ်ဆိုတာကို အံ့သြဖွယ် တွေ့ရှိခဲ့ရပါတယ်။

"ဟေလီက ကျွန်မတို့ရဲ့မင်္ဂလာဝတ်စုံတွေ ရှိသေးတယ်ဆိုတာ သိတော့ သူက စမ်းဝတ်ခိုင်းကြည့်ရာကနေ တော်နေသေးတယ်ဆိုတာကို သိခဲ့ရတယ်" လို့ ကာလိုအန်းက ပြောပြပါတယ်။

 

"ဂျင်မ်က အပေါ်ထပ်တက်ပြီးသွားယူတယ်။ ဟေလီက ဇွတ်ဝတ်ခိုင်းတယ်။ ဒါပေမဲ့ ကျွန်မက ငြင်းတယ်။ ထပ်ခိုးမှာ ထားတာဆိုုတော့ ဖုန်တွေနဲ့ အနံ့တွေလည်း မကောင်းတော့ဘူး။ သူက တောင်းပန်တာနဲ့ ဝတ်ပြလိုက်တာ။ ဝတ်လိုက်ချိန်မှာ အရင်အတိုင်းပဲ ကွက်တိကျနေတာတွေ့တော့ ပါးစပ်အဟောင်းသား ဖြစ်မိတယ်" လို့ အဘွား ကာလိုအန်းက ဆက်ပြောပြပါတယ်။

ထို့နောက်မှာတော့ အဲဒီဝတ်စုံတွေ ဝတ်ပြီး ပါတီပေးဖို့ကို ဟေလီကပဲ အကြံပေးခဲ့တာပါ။

 

"အဲဒီဝတ်စုံကို ကျွန်မတို့ဝတ်မယ်ဆိုတာကို လူအတော်များများ သိပါတယ်။ ဒါပေမဲ့ ဝတ်ထားတာမြင်တော့ အံ့သြကုန်ကြတုန်းပဲ" လို့ ကာလိုအန်းက ဂုဏ်ယူစွာပြောပါတယ်။

 

၁၉၆၆ ခုနှစ်က မော်တာနိုင်ငံကို သွားလည်ခဲ့တဲ့ အသက် ၇၀ ကျော် ဇနီးမောင်နှံဟာ အခု တူရကီကို ထပ်ပြီး ဟန်းနီးမွန်းထွက်ဖို့ စီစဉ်ထားပါတယ်။

Source & Photos: Metro

Share

Loading Next Article...
က္က