အခုဆိုရင် သူတို့အိမ်ထောင်သက်က ၅၇ နှစ်တောင် ရှိနေပါပြီ။
 

အသက် ၇၈ နှစ်အရွယ် အာနိုးဝေါ်ကာဟာ ဇနီးသည်ကာရိုးလ်နဲ့ ပေါင်းသင်းလာတာ ၅၇ နှစ်တောင် ရှိသွားပါပြီ။

နှစ် ၅၀ ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့တုန်းက ဇနီးဖြစ်သူအတွက် သီချင်းရေးစပ်သီဆိုနေပုံကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ကို အဘိုးအို အာနိုးက ဖွင့်ပြခဲ့ပါတယ်။

သူတို့နှစ်ဦး တွေ့ဆုံချစ်ကြိုက်ခဲ့ပုံကို စပ်ဆိုထားတဲ့ သီချင်းဟာ တကယ့်ကို ရိုမန်တစ်ဆန်လှပါတယ်။

 

ဒါ့အပြင် ဒါဟာ အကောင်းဆုံး မင်္ဂလာနှစ်ပတ်လည်လက်ဆောင်လို့လည်း ဆိုနိုင်ပါတယ်။

သူဟာ ဒီသီချင်းကို ဇနီးဖြစ်သူ ဈေးဝယ်ထွက်နေတဲ့ နာရီဝက်အတွင်း ရေးစပ်ခဲ့တယ်လို့ ဆိုပါတယ်။

"သူပြန်လာချိန်မှာ ကျွန်တော်က အဆင်သင့်ဖြစ်နေပြီ။ သူအံ့သြသွားအောင် ဆိုပြလိုက်တယ်" လို့ အဘိုးအိုက

ပြန်ပြောပြပါတယ်။

 

"အဲဒါက လွန်ခဲ့တဲ့ ၇ နှစ်ကပါ။ ဒါပေမဲ့ နှစ်ယောက်စလုံး မေ့သွားခဲ့ရင်ဆိုပြီး ဗီဒီယိုရိုက်ထားလိုက်တယ်" လို့ ဆိုပါတယ်။

ဒီနှစ်မှာတို့ သူတို့ဇနီးမောင်နှံဟာ ၅၇ နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့ကို အိမ်မှာ ညစာအတူချက်စားကြပြီး တီဗီအတူကြည့်ရင်း ကုန်ဆုံးခဲ့ကြပါတယ်။

Source & Photos : Metro

Share

Loading Next Article...
က္က