ဘယ်လိုမှ မတည့်တဲ့ ခွေးနဲ့ကြောင်ဖြစ်နေတဲ့အတွက် သူတို့ရဲ့အချစ်ကို အစစ်အမှန်မဟုတ်ဘူးလို့ ပြောလို့မရပါဘူး။
 

ရိုမီယိုဟာ ရွှေဝါရောင် အိမ်မွေးကြောင်လေးဖြစ်ပြီး ဂျူးလီယက်ကတော့ ရှနောက်ဇာ ဂျာမန်ခွေးပုမျိုး ဖြစ်ပါတယ်။

ကားတစ်စီးအောက်မှာ ပုန်းပြီး ပူးကပ်နေကြတဲ့ သူတို့နှစ်ကောင်ကို တွေ့ရှိတဲ့အတွက် ကယ်လီဖိုးနီးယားပြည်နယ်၊ ချူလာဗစ္စတာမြို့ရှိ ချူလာဗစ္စတာတိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို ခေါ်သွားခဲ့ပါတယ်။

လမ်းပေါ်မှာ လျှောက်သွားနေခဲ့ကြတဲ့ သူတို့နှစ်ကောင်ဟာ ဂေဟာကို အရောက်မှာတော့ ဘယ်လိုမှ အခွဲမခံကြပါဘူး။

 

ခွေးနဲ့ ကြောင် မျိုးမတူတဲ့အတွက် သီးခြားစီ ခွဲထားရတာဖြစ်လို့ ဂေဟာက သူတို့ကို ခွဲထားဖို့ အမျိုးမျိုး ကြိုးစားခဲ့ပါတယ်။

ဒါေပေမဲ့ ရိုမီယိုနဲ့ ဂျူလီယက်ဟာ တကွဲတပြားစီ ဖြစ်နေချိန်မှာ ဝမ်းနည်းပြီး မှိုင်တွေတွေ ဖြစ်လာကြတာကို တွေ့ရပါတယ်။

ဒါကြောင့် သူတို့နှစ်ကောင်ကို သီးသန့်နေရာတစ်ခုကို ဖန်တီးပေးရာ နေ့ဘက်ဆို နှစ်ကောင်သား အတူလျှောက်သွားပြီး ညဘက်ဆို အိပ်ရာထဲမှာ ပူးကပ်ပြီး အိပ်ကြပါတယ်။

 

"သူတို့နှစ်ကောင်က အတူရှိနေရဖို့ပဲ လိုတာပါ။ ရိုမီယိုက ဂျူးလိယက်ကို မြင်တာနဲ့ လန်းဆန်းရွှင်ပြပြီး ကြောင်လေးကလည်း အဲဒီတော့မှ အရင်လို ကစားတယ်၊ စားတယ်" လို့ ဂေဟာရဲ့ အုပ်ချုပ်ရေးမှူး အမန်ဒါမေးလ်စ်က ပြောပြပါတယ်။

သူတို့နှစ်ကောင်ဟာ အတူမရှိရရင် မနေတတ်တဲ့အတွက် ဂေဟာဝန်ထမ်းတွေဟာ ရိုမီယိုနဲ့ ဂျူးလိယက်ကို အတူမွေးနိုင်တဲ့ မိသားစုကို ရှာဖွေနေပါတယ်။

Source & Photos : Metro

Share

Loading Next Article...
က္က