ချစ်ပေမဲ့လို့ အရာရာတိုင်းတော့ လုပ်မပေးနိုင်ပါဘူး။
 

ယောက်ျားတွေလိုပဲ အမျိုးသမီးတွေမှာလည်း တောင်းဆိုတိုင်း မလိုက်လျောနိုင်တဲ့အရာတွေရှိပါတယ်။ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေကို မထားမှသာ အချစ်ရေးက အဆင်ပြေမှာပါ။

၁။ အပြင်တစ်ခါထွက်ဖို့ အချိန်ကြာတာမကြိုက်ပေမဲ့ အလှဆုံးလည်းဖြစ်နေစေချင်တယ်

မိန်းကလေးတစ်ယောက် လူတွေကြားမှာ တင့်တယ်လှပနေဖို့ဆိုတာ အချိန်ယူ ပြင်ဆင်ရပါတယ်။ အဝတ်အစားက သပ်ရပ်ကျော့ရှင်းနေဖို့လိုသလို မိန်းကလေးတွေရဲ့ အလှပြင်ပစ္စည်းတွေက များလှပါတယ်။ မပြီးသေးဘူးလား တတွင်တွင်မေးနေလို့ ဖြစ်သလိုလိုက်လာရင်လည်း စိတ်ပျက်တတ်တာ ယောက်ျားတွေပါပဲ။

 

၂။ အဆီပိုတွေလည်း မရှိစေချင်သလို ကိတ်လည်းကိတ်စေချင်တယ်

ယောက်ျားအများစုက လုံးဝပြည့်စုံလှပတဲ့ ခန္ဓာကိုယ်ကို နှစ်သက်ကြတယ်။ အဆီပိုမရှိရဘူး၊ ဒါပေမဲ့ ပိန်ခြောက်နေတာလည်း မကြိုက်ပြန်ဘူး။ အသားတွေကို ရှိသင့်တဲ့နေရာမှာပဲ ရှိပြီး ကျန်တဲ့နေရာမှာ လုံးဝမရှိစေချင်ဘူး။ ဒါပေမဲ့ ပိန်တဲ့သူက ဘယ်လိုမှ ကောက်ကြောင်းမလှနိုင်သလို၊ ကိတ်တဲ့သူကလည်း အဆီပို ရှိမှာပါပဲ။

၃။ သူငယ်ချင်းယောက်ျားလေးတွေ လုံးဝမရှိစေချင်ဘူး

ယောက်ျားလေးသူငယ်ချင်းဆိုတာ အရင်ကတည်း သူ့မှာ ရှိပြီးသားပါ။ သူတို့တွေဟာ သူတို့သူငယ်ချင်းမိန်းကလေး ဝမ်းနည်းအားငယ်ချိန်မှာ ဖေးမကူညီခဲ့သူတွေလည်း ဖြစ်နေနိုင်တယ်။ သင်နဲ့ ချစ်သူမဖြစ်ခင်မှာ အကြံဉာဏ်ပေးခဲ့သူတွေလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ သင်နဲ့ ချစ်သူဖြစ်ရုံနဲ့ ကိုယ့်အပေါ် အစစအရာရာကောင်းခဲ့တဲ့ သူငယ်ချင်းတွေကို ဘယ်သူမှ အဆက်ဖြတ်မပစ်နိုင်ပါဘူး။

Capture.JPG 

၄။ သင်တို့စိတ်ကို သူတို့ မဖတ်နိုင်ပါဘူး

ယောက်ျားတွေဟာ ခံစားချက်ကို မပြောတတ်ကြဘူး။ ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ ဖွင့်မပြောချင်ဘူး။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်က သူ့ချစ်သူ မျက်နှာမကောင်းတဲ့အခါ ဘာကြောင့်လဲဆိုတာ သိချင်တယ်။ တတ်နိုင်သလောက် အားပေးနှစ်သိမ့်ချင်တယ်။ ဘာဖြစ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောစေချင်ကြပါတယ်။

၅။ အရာရာ သင့်စိတ်တိုင်းကျ လုပ်လို့မရဘူး

သင့်ကို လုံးဝမချုပ်ချယ်ဘဲ အေးအေးဆေးဆေးနေစေချင်တယ်ဆိုရင် သူ့ကိုလည်း နေရာတကာ လိုက်မချုပ်ချယ်ပါနဲ့။ သင့်ရဲ့ကိုယ်ရေးကိုယ်တာကို မစွက်ဖက်စေချင်ရင် သင်လည်း သူ့ကိုယ်ရေးကိုယ်တာကို မစွက်ဖက်မိဖို့ လိုပါတယ်။

 

Source & Photos : Life

Share

Loading Next Article...
က္က