ဘယ်သူပြောလဲ... စာကြမ်းပိုးလေးတွေက ချစ်ဖို့မကောင်းဘူးလို့...
 

ကျောင်းမှာ စာချည်းပဲလုပ်ပြီး ကျန်တဲ့သူတွေသိပ်သတိမထားမိ၊ ဂရုမစိုက်မိတဲ့ စာကြမ်းပိုးလေးတွေ ရှိတတ်ပါတယ်။ ဒီလိုစာကြမ်းပိုးလေးတွေက စာအပြင် ဘာမှလည်း သိပ်စိတ်ဝင်စားလေ့မရှိတော့ ကျန်တဲ့သူတွေနဲ့လည်း ပေါင်းသင်းဆက်ဆံတာကလည်း သိပ်မများဘူးဖြစ်နေပါရော။ ဒါပေမဲ့ ဒီလိုစာကြမ်းပိုးလေးတွေက ချစ်ဖို့ကောင်းပြီး ချစ်သူဖြစ်ချင်လောက်အောင် ဆွဲဆောင်သွားနိုင်တဲ့ အချိန်တွေလည်း ရှိပါတယ်။

14720610_328594827499503_1754814583506254588_n.jpg 

၁။ ကိုယ်စာမရတဲ့အချိန်

ဒါကတော့ရှင်းပါတယ်။ ကိုယ်စာမရတဲ့အချိန်၊ စာမပြီးတဲ့အချိန်၊ စာနဲ့ပတ်သက်ပြီးနားမလည်တာ၊ အခက်အခဲကြုံတာတွေ ဖြစ်နေတဲ့အချိန်မှာတော့ သူက မီးအိမ်ရှင်ပါပဲ။ အဲဒီလိုအချိန်မျိုးမှာ သူ့ကိုအားကိုးမိတာ၊ သူ့ကိုသတိတရနဲ့ အကူအညီတောင်းမိတာမျိုးလေးတွေကနေ ချစ်တဲ့စိတ်တွေဖြစ်လာတတ်တာလည်း သဘာဝပါ။

 

၂။ အနိုင်ကျင့်ခံနေရတဲ့အချိန်

များသောအားဖြင့် စာကြမ်းပိုးလေးတွေဆိုရင် အင်အားကြီးတဲ့တခြားသူတွေက အနိုင်ကျင့်ဗိုလ်ကျချင်ကြပါတယ်။ မိန်းကလေးတွေအနေနဲ့တော့ ယောကျ်ားလေးတစ်ယောက်က အနိုင်ကျင့်ခံနေရရင် အဲဒီယောကျ်ားလေးကို သတ္တိနည်းတယ်ဆိုပြီး အထင်သေးသွားတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမဲ့ လူတိုင်းမှာသနားစိတ်ဆိုတာက အရင်းခံရှိပြီးသားပါ။ အဲလိုမျိုး တခြားလူတစ်ယောက်က အနိုင်ကျင့်ဗိုလ်ကျတာကိုမြင်ရတဲ့အခါမှာ သနားချစ်နဲ့ချစ်သွားတတ်တဲ့ဇာတ်လမ်းလေးတွေလည်း အများကြီးရှိပါတယ်။

 

၃။ ချီးကျူးဂုဏ်ပြုခံရတဲ့အချိန်

သူတို့တွေကစာနဲ့ပတ်သက်ပြီး ထူးချွန်တဲ့သူတွေမို့ ဆရာ၊ဆရာမတွေ၊ လူကြီးမိဘတွေချီးကျူးတာကို အမြဲခံရတတ်ပါတယ်။ အဲလိုအချိန်မျိုးမှာ ကိုယ်ကိုယ်တိုင်ကလည်း အထင်ကြီးလေးစားတဲ့စိတ်၊ အားကျအတုယူတဲ့စိတ်မျိုးလေးတွေ အလိုလိုကိန်းအောင်းလာတာပါ။ ဒီလိုအားကျရင်းက ကြာလာတော့ ချစ်တဲ့စိတ်ကိုပြောင်းလဲသွားဖို့လည်း အင်မတန်လွယ်ကူပါတယ်။

 

၄။ ရှက်နေတဲ့အချိန်

စာကြမ်းပိုးလေးတွေက သာမန်လူတွေထက် အရှက်အကြောက်နည်းနည်းပိုကြီးတတ်ကြပါတယ်။ နောက်ပြီး လူတွေနဲ့ထိတွေ့ ဆက်ဆံမှုနည်းတတ်တော့ ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး သူတို့အတွက် ထူးခြားနေတဲ့အရာတွေ၊ အသစ်အဆန်းဖြစ်နေတဲ့အရာတွေက အများကြီးပါ။ အဲဒီလိုအခြေအနေမျိုးမှာ စလိုက်နောက်လိုက်တာပဲဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုခုကြုံလာလို့ပဲဖြစ်ဖြစ် ရှက်သွားတယ်ဆိုရင်ပဲ သူတို့ရဲ့အပြုအမူပုံစံလေးတွေက သာမန်လူတွေထက် ပိုချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုပိုရှိတာမျိုး ဖြစ်သွားတတ်ပါတယ်။

Source : Cosmopolitan

Share

Loading Next Article...
က္က