တစ်ဖက်သားကို လွှမ်းမိုးသူမျိုးတွေက ပါးနပ်သူတွေဖြစ်ပါတယ်။
 

၁ - အာရုံစိုက်ခံချင်သူ

သူတို့ကို အာရုံစိုက်တာ ခံချင်သူတွေဟာ ဘယ်လိုအကြောင်းကြောင်းနဲ့ပဲဖြစ်ဖြစ် လူတွေအာရုံစိုက်အောင်လုပ်မှာပဲ ဖြစ်ပါတယ်။ ဒါက သူတို့ ဘဝပါ။ သူတို့ကို လိုက်အာရုံစိုက်နေရင်တော့ သင်ပဲ စိတ်သောကရောက်ရပါလိမ့်မယ်။

၂ - အတင်းပြောသူ

အတင်းပြောတတ်သူတွေနဲ့ လျှို့ဝှက်ချက်တွေကို ဝေမျှတာမျိုး မလုပ်ပါနဲ့။ အခြားလူတွေရဲ့ လျှို့ဝှက်ချက်ရော၊ ကိုယ့်လျှို့ဝှက်ချက်ကိုပါ ဝေမျှတာမျိုး မလုပ်ပါနဲ့။

 

၃ - လွှမ်းမိုးသူ

တစ်ဖက်သားကို လွှမ်းမိုးသူမျိုးတွေက ပါးနပ်သူတွေဖြစ်ပါတယ်။ တစ်ဖက်လူရဲ့ ခံစားချက်အတိမ်အနက်ကို နားလည်ပြီး သူတို့လိုအပ်ချက်ကို ဖြည့်ဆည်းအောင် လွှမ်းမိုးတာ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကိုတော့ ရှောင်ထားပါ။ မဟုတ်ရင်တော့ သူတို့လွှမ်းမိုးမှုကို ခံရပါလိမ့်မယ်။

၄ - အလိမ်အညာကြိုက်သူ

အသေးအဖွဲလေးကအစ လိမ်ရမှ ကြိုက်သူပါ။ အဆိုးဆုံးကတော့ သူတို့ကိုသူတို့တောင် လိမ်နေသူတွေပါ။ ဒီလိုလူမျိုးတွေကို မှတ်ချက်ပေးတာတွေ၊ ပြဿနာ အဖြေရှာပေးတာတွေ သွားမလုပ်ပါနဲ့။

 

၅ - ပြဿနာသမား

ကိုယ့်မှာရှိတဲ့ ပြဿနာကို သိသင့်တဲ့လူတွေလောက်ပဲ ပေးသိပါတယ်။ ဒါပေမဲ့ သူတို့ကတော့ အဲလို မဟုတ်ပါဘူး။ ဘယ်သူနဲ့စကားများထားတယ်၊ ဘယ်သူနဲ့ မတည့်ဘူးဆိုတာကို အကုန်လုံးသိအောင် လုပ်လေ့ရှိပါတယ်။ ဒီလိုလူမျိုးတွေကိုတော့ အလိုက်အထိုက်ပဲ ဆက်ဆံသင့်ပါတယ်။

၆ - အသနားခံချင်သူ

ကိုယ့်ကိုယ်ကိုယ်သနားကြောင်းပဲ အမြဲပြောနေသူ၊ သူကြုံရတဲ့ ကိစ္စတွေကိုပဲ အမြဲညည်းညူနေသူဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေ ပြောသမျှကိုနားထောင်နိုင်ရင် နားထောင်ပေးလိုက်ပါ။ နားမထောင်နိုင်ရင်တော့ ခပ်ဆိုးဆိုးတုံ့ပြန်မယ့်အစား အစောကြီးကတည်းက ရှောင်ထားပါ။

 

၇ - ဝေ့လည်ကြောင်ပတ်

မေးလိုက်ရင် အဖြေချက်ချင်းပေးလို့ရရဲ့သားနဲ့ ဝေ့လည်ကြောင်ပတ်လုပ်ပြီးမှ ဖြေသူပါ။ ဒီလိုလူမျိုးတွေကိုတော့ ကိုယ်မေးကတည်းက ခပ်ရှင်းရှင်းမေးဖို့လိုပါတယ်။ ဟုတ်တယ်၊ မဟုတ်ဘူး နဲ့ လုပ်မယ်၊မလုပ်ဘူးဘဲ ဖြေဖို့ ခပ်ရှင်းရှင်းမေးပါ။

Photos & Source: Lifehack

Share

Loading Next Article...
က္က