တကယ်ချစ်တဲ့သူတွေကသာ အနာဂတ်အတွက် ကြိုတွေးတတ်ကြပါတယ်။
 

အချစ်နဲ့တပ်မက်မှုဆိုတာ တူသယောင်ယောင်ရှိပေမဲ့ တကယ်တမ်းတော့ ကွဲပြားတဲ့စိတ်ခံစားချက် (၂)မျိုးပါ။ ဒါပေမဲ့ တချို့က အချစ်စစ်နဲ့ချစ်ပြီး တပ်မက်မှုတွေရှိတတ်သလို တချို့ကျတော့လည်း အချစ်သပ်သပ် ဘာတပ်မက်မှုမှမပါတာ ဒါမှမဟုတ် တပ်မက်မှုပဲရှိနေပြီး တကယ့်အချစ်စစ်နဲ့မချစ်နိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါဆို အချစ်စစ်နဲ့ တပ်မက်မှုကြားမှာ ဘယ်လိုကွာခြားချက် တွေရှိနေလဲ...

 

၁။ သက်တောင့်သက်သာရှိခြင်း

အချစ်စစ်နဲ့ ချစ်မိရင် သူအလှတွေပြင်ထားမှ၊ သူကြည့်ကောင်းနေမှ သဘောကျတာမျိုးမရှိပါဘူး။ သူနေတတ်သလိုနေပြီး သက်တောင့်သက်သာဖြစ်နေတာကိုပဲ လိုလားပါတယ်။ တပ်မက်မှုက ပိုများနေရင်တော့ ရုပ်ပိုင်းဆိုင်ရာအလှက သင့်အတွက် ပိုအရေးပါနေပါလိမ့်မယ်။

 

၂။ အမှားတွေ

လူဆိုတာအမှားနဲ့မကင်းပါဘူး။ အချစ်စစ်နဲ့ချစ်တဲ့သူတွေက သူတို့ချစ်သူ အမှားတွေလုပ်မိမှာ၊ အမှားလုပ်မိတဲ့အပေါ်မှာ ခံစားရတဲ့ခံစားချက်တွေကို ဂရုစိုက်ပေးလေ့ရှိပါတယ်။ တပ်မက်မှုသပ်သပ်ပဲ ရှိနေရင်တော့ သူ့အမှားကိုယ့်အမှားက သူနဲ့ကိုယ်နဲ့ကြားမှာ ဘာမှအရေးမပါပါဘူး။

 

၃။ ဘာတွေတွေးနေလဲ

ချစ်သူရယ်လို့ဖြစ်လာရင် စကားတွေပြောကြမယ်၊ အတွေးလေးတွေ၊ စိတ်ကူးလေးတွေဖလှယ်ကြမယ်ဆိုတာမျိုးက လုပ်လေ့လုပ်ထရှိတဲ့အရာတွေပါ။ ဒါပေမဲ့ အချစ်စစ်နဲ့ချစ်တာမဟုတ်ဘဲ တပ်မက်မှုပဲရှိနေတဲ့သူအတွက်တော့ သူဘာတွေတွေးနေလဲဆိုတာကလည်း အရေးမပါသလို ကိုယ်ဘာတွေတွေးနေမိတယ်ဆိုတာလည်း သူ့ကိုထုတ်ပြောချင်စိတ်မရှိပါဘူး။

 

၄။ နားလည်မှု

တကယ်ချစ်ရင် သူနဲ့ပတ်သက်သမျှကို တကယ်နားလည်သွားပါတယ်။ နားမလည်သေးရင်လည်း နားလည်အောင် အမြဲကြိုးစားနေမှာပါ။ တပ်မက်မှုပဲဆိုရင်တော့ နားလည်ဖို့လိုတယ်လို့ကို မထင်ပါဘူး။

 

၅။ စိတ်ချင်းဆက်သွယ်မှု

ဒါကတော့ နည်းနည်းထူးခြားပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တကယ်အချစ်စစ်နဲ့ချစ်နေမိရင် စိတ်ချင်းဆက်သွယ်မှုလေးတွေ ရှိတတ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ တပ်မက်မှုသီးသန့်ပဲဆိုရင်တော့ ဒီအရာက ဘယ်လိုမှ မဖြစ်တည်လာနိုင်ပါဘူး။

 

၆။ တိတ်ဆိတ်ငြိမ်သက်ခြင်း

တကယ်ချစ်ကြတဲ့ချစ်သူတွေမှာ ဘာစကားမှမပြော၊ ဘာဆက်သွယ်မှုမှရှိမနေဘဲ တိတ်ဆိတ်ငြိမ်သက်နေကြတာ အချိန်ကြာလာရင် ဘယ်လိုမှမနေနိုင်ကြပါဘူး။ ဒါပေမဲ့ တပ်မက်မှုတစ်ခုပဲရှိနေသူအတွက်တော့ တိတ်ဆိတ်ငြိမ်သက်တဲ့အခြေအနေကို ပိုပြီးတောင် သဘောကျကောင်းကျနိုင်ပါတယ်။

 

၇။ အနာဂတ်

ချစ်သူတိုင်းမှာ သူတို့နှစ်ယောက်ရဲ့အနာဂတ်က ဘယ်လိုလေး၊ ဘယ်ပုံစံလေးဆိုပြီး တိုင်ပင်ဆွေးနွေးစိတ်ကူးယဉ်ကြတာမျိုးရှိတတ်စမြဲပါ။ တကယ်ချစ်ကြတဲ့ချစ်သူတွေမဟုတ်ဘဲ တပ်မက်မှုကိုပဲ ဦးစားပေးသူတွေအတွက်တော့ အနာဂတ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဘာစာသားမှ ရှိမနေတတ်ပါဘူး။

 

၈။ ခံစားချက်

ရိုးရိုးလေးပါပဲ။ အချစ်စစ်နဲ့ချစ်ရင် သူရောကိုယ်ရောရဲ့ခံစားချက်တွေကသာ အရေးအကြီးဆုံးပါ။ တပ်မက်မှုသပ်သပ်ပဲဆိုရင်တော့ စိတ်ခံစားချက်ထက် အထိအတွေ့အယုအယတွေက ပိုအလေးသာနေမှာပါ။

Source : Cosmopolitan

Share

Loading Next Article...
က္က