ကလေးရဖို့လည်း ကြိုးစားခဲ့ကြပါတယ်။
 

ဒေါ်တီနဲ့ ဇီးတို့ဟာ အချစ်စစ်ရဲ့ သက်သေလို့ ဆိုရပါမယ်။

၁၀ နှစ်တာ အတူနေခဲ့ပြီးတဲ့နောက် ဘယ်အရာကမှ သူတို့အချစ်ကို တားဆီးနိုင်ပုံမပေါ်တော့ပါဘူး။

အစက ဂျာမနီက Bremerhaven Zoo က သူတို့နှစ်ကောင်လုံး အထီးလို့ မထင်ခဲ့ပါဘူး။ သူတို့ဘာကြောင့် ကလေးမရတာလည်းလို့သာ စဉ်းစားနေကြတာပါ။

သူတို့ဟာ နှစ်စဉ် အသိုက်ဆောက်တာကို ကြည့်ခြင်းအားဖြင့် ကလေးရအောင် ကြိုးပမ်းခဲ့တယ်ဆိုတာ သိသာပါတယ်။

 

၂၀၀၅ ခုနှစ်မှာ တိရစ္ဆာန်ရုံဝန်ထမ်းတွေဟာ သူတို့ရဲ့ DNA ကို စစ်ဆေးပြီးနောက် နှစ်ကောင်စလုံးက အထီးတွေဖြစ်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် မိခင်က ပစ်ပယ်ထားတဲ့ ဥတစ်ဥကို သူတို့ကိုပေးပြီး သူတို့နှစ်ကောင်ကို ပေးလိုက်တဲ့အခါမှာတော့ သူတို့သားသမီးအရင်းလို စောင့်ရှောက်ခဲ့ကြပါတယ်။

 

Humboldt လို့ခေါ်တဲ့ ယင်းပင်ဂွင်အျိုးအစားဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာမှ ကောင်ရေ ၂၀၀၀ သာ ရှိတော့ပါတယ်။

Source & Photos : Metro

Share

Loading Next Article...
က္က