အိန္ဒိယကိုလာရောက်ပြီး ချစ်သူနဲ့ မင်္ဂလာပွဲဆင်နွှဲမယ့် ပါကစ္စတန်ဘက်က သတို့သမီးလေးဟာ ဗီဇာ နှောင့်နှေးကြန့်ကြာနေမှုကြောင့် အခက်ကြုံခဲ့ရပါတယ်။

နယ်စပ်ဖြတ်ကျော် အချစ်ဇာတ်လမ်းမှ မင်္ဂလာမောင်နှံ။



ပျော်ရွှင်စွာဇာတ်သိမ်းနိုင်ခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန် နယ်စပ်ဖြတ်ကျော် အချစ်ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက သတို့သားနဲ့ ပါကစ္စတန်နိုင်ငံမှာ နေထိုင်တဲ့ သတို့သမီးတို့ဟာ လက်ထပ်မင်္ဂလာပွဲ ကျင်းပဖို့စီစဉ်ထားခဲ့ပေမဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုတွေကြောင့် အခက်ကြုံခဲ့ကြရပါတယ်။



အိန္ဒိယကိုလာရောက်ပြီး ချစ်သူနဲ့ မင်္ဂလာပွဲဆင်နွှဲမယ့် ပါကစ္စတန်ဘက်က သတို့သမီးလေးဟာ ဗီဇာ နှောင့်နှေးကြန့်ကြာနေမှုကြောင့် စိတ်ပူပန်စရာ ဖြစ်ခဲ့ပါတယ်။ မင်္ဂလာပွဲအတွက် ကြံရာမရဖြစ်နေတဲ့ သတို့သား နာရက်ရှ်တီဝါနီက နောက်ဆုံးမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာဆဝါရက်ဂျ်ထံကို တွစ်တာမှတစ်ဆင့် စာရေးသားပြီး အကူအညီ တောင်းခံခဲ့ပါတော့တယ်။

သတို့သားက တွစ်တာမှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးထံ အကူအညီတောင်းခံမှု။



ချစ်သူစုံတွဲရဲ့ အဖြစ်ကို သိသွားတဲ့ နိုင်ငံခြားရေးဝန်ကြီးက ဗီဇာ ထုတ်ပေးသွားမယ့်အကြောင်း သတို့သားကို တွစ်တာမှတစ်ဆင့် ပြန်ကြားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ပါကစ္စတန်သတို့သမီး ပရီယာဘက်ချ်ချန်နီနဲ့ သူမရဲ့ မိသားစုဆွေမျိုး ၃၅ ဦးလုံး ဗီဇာရရှိခဲ့ပြီး နိုဝင်ဘာ ၇ ရက်မှာ မိဘဆွေမျိုးစုံစွာနဲ့ မင်္ဂလာပွဲ ဆင်နွှဲနိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးက တွစ်တာမှ ပြန်ကြားထားမှု။



မင်္ဂလာဦးစုံတွဲက နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်နေချိန်မှာ အခုလို ကူညီပေးခဲ့ခြင်းအပေါ် ကျေးဇူးတင်မဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

Source & Photo: BBC

Share

Loading Next Article...
က္က