သင် ဒီအမှားတွေ ပြုလုပ်မိနေသလား။
 

သင့်ရဲ့ဘဝကို သက်ရောက်မှုရှိနေတဲ့ ရွေးချယ်မှုတွေကို သင် နေ့စဉ် ပြုလုပ်နေပါတယ်။ ဘဝလက်တွဲဖော်အစစ်အမှန်(Soulmate) ရှာတဲ့အခါမှာ သင့်ရဲ့ရှာဖွေမှုကို နှောင့်ယှက်နေတဲ့အရာတွေရှိနေသလားလို့ သင့်ကိုယ်သင် ပြန်မေးသင့်ပါတယ်။ ဒီအချက်တွေကြောင့် ဘဝလက်တွဲဖော် တွေ့နေရင်တောင် မတွေ့ဘူးလို့ သင်ထင်မိနေမှာပါ။

၁။ ဝန်ထုပ်ဝန်ပိုး

 

သင့်ရဲ့အတိတ်က အချစ်ရေးတွေနဲ့ အခက်အခဲတွေဟာ သင့်ရဲ့ဘဝအစိတ်အပိုင်းအဖြစ် အမြဲရှိနေမှာပါ။ ဒါပေမဲ့ အဲဒါတွေဟာ သင့်ကို ထိန်းချုပ်နေတဲ့အရာတွေ မဖြစ်ပါစေနဲ့။ သင့်မှာ စိတ်မချမ်းမြေ့စရာ အတိတ်ရှိနေပါစေဦးတော့ အဲဒါတွေကိုပဲ ပြန်တွေးပြီး ခံစားမနေသင့်ပါဘူး။ အဲဒီလိုမှ မလုပ်နိုင်ရင်တော့ သင့်ရဲ့အမြင်တွေကို အတိတ်က အရိပ်တွေက ပိတ်ဆို့နေပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ဖန်တီးဖို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့စိတ်ထဲမှာ ငြိမ်းချမ်းမှု ရှိမနေတဲ့အတွက် သင့်လက်တွဲဖော်အပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ အကြောက်တရား

 

အကြောက်တရားဟာ လူတွေရဲ့လမ်းကြောင်းကို အမြဲပိတ်ဆို့နေတဲ့ အရာတစ်ခုပါ။ ဘဝလက်တွဲဖော်တွေ့ချိန်မှာ သူ့ကို ရင်နဲ့အပြည့် ချစ်လိုက်ရမှာကို သင်ကြောက်ရွံ့နေတယ်။ သင့်တစ်ဘဝလုံး ချစ်ခဲ့ရတဲ့ လူတွေ ရှိနေချိန်မှာ သင်တို့နှစ်ယောက်ကြားက နက်ရှိုင်းတဲ့ စိတ်ချင်းဆက်သွယ်မှုကြောင့် သူ့ကို စိတ်ရှိတိုင်းချစ်လိုက်ရမှာ သင့်အတွက် စွန့်စားမှုကြီးတစ်ခု ဖြစ်နေတယ်။ အဲဒီစွန့်စားမှုကို သင်မလုပ်သရွေ့ သင့်ဘဝထဲကို သင့်ရဲ့ဘဝအဖော်မွန်က ဝင်လာလို့ မရနိုင်ပါဘူး။

၃။ ဘဝတစ်ခု ထူထောင်ထားခြင်း

 

လူတွေဟာ Soulmate ဆိုတာ ဘယ်တော့မှ ရှာတွေ့မှာမဟုတ်ဘူးလို့ တွေးပြီး ကြောက်ကြတယ်။ အဲဒါကြောင့် Soulmate မဟုတ်တဲ့ ရည်းစား ဒါမှမဟုတ် တစ်စုံတစ်ယောက်နဲ့ ဘဝတစ်ခုကို ထူထောင်လိုက်တယ်။ လူတွေဟာ အထီးကျန်ရမှာကို ကြောက်ရွံ့တဲ့အတွက် အဆင်မပြေပေမဲ့လည်း လက်ရှိတွဲနေသူနဲ့ပဲ ချစ်သူသက်တမ်းတွေ ရှည်ကြာပြီး သူသာ ငါ့လက်တွဲဖော်ပဲလို့ ဇွတ်အတင်း မှတ်ယူပြီး လက်ထပ်ဖို့အထိ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီလို တစ်စုံတစ်ယောက်အပေါ် ကတိတွေ လွန်ထားခဲ့မယ်၊ အဆင်မပြေတဲ့ အချစ်ရေးကိုပဲ စိတ်က တွယ်ငြိနေမယ်ဆိုရင် သင့်ရဲ့ဘဝလက်တွဲဖော် အစစ်အမှန်ကို ရှာနိုင်မှာ မဟုတ်ပါဘူး။

၄။ မဖြစ်နိုင်တဲ့ မျှော်မှန်းချက်တွေ

 

အရာရာပြည့်စုံကောင်းမွန်ခြင်းဆိုတာ မရှိပါဘူး။ သင့်ရဲ့ Soulmate နဲ့ တွေ့တာနဲ့ ဘဝဆိုတာ လွယ်ကူချောမွေ့သွားမှာ မဟုတ်ပါဘူး။  သင်တို့နှစ်ယောက်ကြား နားလည်မှု တည်ဆောက်နေချိန်မှာ အဆင်မပြေမှုတွေနဲ့ နာကျင်စရာတွေ ရှိနေမှာပါပဲ။ သင့်ရဲ့ Soulmate က သင့်ရဲ့စိတ်ကို  ရင့်ကျက်ပြောင်းလဲစေဖို့ စိန်ခေါ်လာလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ ကောင်းတဲ့အရာပါ။ အဲဒါတွေကြောင့်ပဲ သင်ဟာ ပိုပြီး အသိအမြင်ကြွယ်လာမယ်၊ ပိုပြီး စိတ်ဓာတ်ခိုင်မာလာမယ်၊ နှစ်ယောက်အတူ ရရှိတဲ့ အတွေ့အကြုံတွေကို ပိုပြီး နှစ်သက်လာပါလိမ့်မယ်။

Source & Photos : CFP

Share

Loading Next Article...
က္က