လက်ထပ်မင်္ဂလာဆင်နွှဲဖို့ ဆယ်စုနှစ် ၈ ခု ကြာမြင့်ခဲ့ပါတယ်။

မီယာမီက သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဂေဟာတစ်ခုမှာနေထိုင်တဲ့ အဘွားအိုဟာ အသက် ၈၀ ရောက်မှ ပထမဆုံးအကြိမ် လက်ထပ်ဖြစ်ခဲ့ပါတယ်။ သူမရဲ့အချစ်ကိုတော့ ဂေဟာကိုရောက်လာတဲ့ အဘိုးအိုတစ်ဦးထံမှာ ရှာတွေ့ခဲ့တာပါ။ အဘိုးအိုကလည်း အသက် ၉၅ နှစ် ရှိပြီဖြစ်တဲ့ မုဆိုးဖိုတစ်ဦးဖြစ်ပါတယ်။

 

အဘွားအမည်က ကိုဘာလို့ခေါ်ပါတယ်။ သူမငယ်စဉ်ကတည်းက ရွှေ့ပြောင်းဒုက္ခသည်အဖြစ်နဲ့ ဂွာတီမာလာကနေ အမေရိကကို ရောက်နေခဲ့တာပါ။ အသက် ၂၆ နှစ်မှာ သမီးတစ်ဦးမွေးခဲ့ပေမဲ့ လက်မထပ်ဖြစ်ခဲ့ပါဘူး။ နှစ်ပေါင်းများစွာကြာပြီးနောက် ဘိုးဘွားရိပ်သာကိုရောက်တော့မှပဲ အဘိုး ဆွာရက်ဇ်နဲ့ဆုံပြီး လက်ထပ်ဖြစ်ခဲ့ပါတယ်။

 

အဘိုး ဆွာရက်ဇ်ထက် အဘွားကိုဘာက ရိပ်သာကို အရင်ရောက်တာပါ။ ကိုဘာက အခန်း ၄၀၄ မှာနေပြီး ဆွာရက်ဇ်က အခန်း ၄၀၇ မှာ နေထိုင်းရင်း ချစ်ကျွမ်းဝင်ကာ လက်ထပ်လိုက်ကြတာဖြစ်ပါတယ်။ လက်ထပ်မင်္ဂလာပွဲကိုလည်း ကျင်းပခဲ့ကြပြီး ဧည့်သည် ၁၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Source : Yahoo

Share

Loading Next Article...
က္က