ဒီလို ဆက်ဆံရေးမျိုးဆိုတာ အချိန်လိုပါတယ်။
 

၁ - ကြောက်တယ်

ဒီလူက သူ့အပေါ်မကောင်းတာကို သူလည်း သိပါတယ်။ သူ့ကိုလည်ပင်းညှစ်နေတာကို သူသိပါတယ်။ ဒါပေမဲ့ သူစိုးရိမ်တာက ဒီလူမဟုတ်ဘဲ သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ သင်က ဒေါသထွက်မှာကိုပါ။ ဒါကြောင့် သင့်ဘက်က ဒီကိစ္စပေါ် ဝေဖန်တာကို အရင်ရပ်ထားလိုက်ပါ။

၂ - တစ်ဖက်သိ

hellogiggles-500x375c.jpg 

သူတို့နှစ်ဦးဆက်ဆံရေးကို သင်က ကောင်းကောင်းကြီးဝေဖန်နေပေမဲ့ သင်သိတာက တစ်ဖက်တည်းက များပါတယ်။ သင့်သူငယ်ချင်း ပြောပြတဲ့ တစ်ဖက်တည်းကိုပဲ သင်သိနေတာကြောင့် ဝေဖန်မှုအစား သေချာအကဲခတ်ပါ။

၃ - နားလည်မှု

သူ့အကြိုက် ကိုယ့်အကြိုက် မတူပါဘူး။ သင်နားမလည်နိုင်တဲ့ ကိစ္စရပ်တစ်ခုကို သူ့ကောင်လေးဆီက သူမြင်ထားတာ ဖြစ်နိုင်ပါတယ်။

၄ - သုံးသပ်

shutterstock_175512749.jpg 

အရင်ဆုံး မိန်းကလေးဆိုတဲ့ အမြင်၊ သူငယ်ချင်းဆိုတဲ့ အမြင် စတဲ့ အမြင်တွေကို ခဏဖယ်ထားပြီး လက်တွေ့ကျကျ သုံးသပ်ပါ။ ဒီလို သုံးသပ်ပြီးတဲ့အခါ သင့်သူငယ်ချင်းကို ဝေဖန်မယ့်အစား ရွေးချယ်စရာတွေကို မြင်အောင် ချပြပါ။

၅ - အချိန်

ဒီလို ဆက်ဆံရေးမျိုးဆိုတာ အချိန်လိုပါတယ်။ သင့်ဘက်က သင့်သူငယ်ချင်းကို အချိန်ပေးပြီး စောင့်ကြည့်ပေးပါ။

Photos & Source: Elite Daily

Share

Loading Next Article...
က္က