စိတ်တိုင်းကျ သောက်စားလိုက်ပြီးလို့ နောက်တစ်နေ့ရောက်တဲ့အခါ ညကလုပ်ခဲ့မိတဲ့ ကိစ္စတစ်ခုခုကြောင့် နောင်တရတတ်ကြပါတယ်။
အမူးလွန်ပြီး ပိုက်ဆံတွေ အကုန်သုံးလိုက်မိတာ၊ ရန်ဖြစ်လိုက်မိတာ၊ အိမ်ပြန်မအိပ်မိတာ စသဖြင့် ဆိုးရွားပြီး မလုပ်သင့်တဲ့အရာတွေကို မူးနေတဲ့အချိန်လုပ်မိတတ်ကြပါတယ်။အဆိုးဆုံးကတော့ မူးပြီးတော့ ရည်းစားဟောင်းဆီ မပို့သင့်တဲ့ မက်ဆေ့တွေသွားပို့မိတာပါပဲ။ ဒီလိုမဖြစ်အောင် တားဆီးလို့ရတဲ့ အချက် (၅) ချက်ရှိပါတယ်။
၁။ ကြိုစဉ်းစားထားပါ
သင်မက်ဆေ့ချ်ပို့နိုင်ချေရှိတဲ့ လူစာရင်းကို ကြိုစဉ်းစားထားပါ။ ဒီလူတွေကို မူးလာရင်လုံးဝမက်ဆေ့ချ်မပို့ဘူးလို့ တွေးမှတ်ထားပါ။ စာနဲ့ချရေးထားရင်ပိုကောင်းပါတယ်။
၂။ ဖုန်းထားခဲ့
ဒါကတော့ အကောင်းဆုံးနည်းလမ်းပါ။ ပျောက်မှာလည်း ပူစရာ မလိုတော့ပါဘူး။ အရေးကြီး လုပ်စရာမရှိဘူးဆိုရင် ဖုန်းထားခဲ့တာ ပိုကောင်းပါတယ်။
၃။ သူငယ်ချင်းတွေကို ပြောပြထား
သူငယ်ချင်းအရင်းတွေကို ဒါမျိုးပြောရမှာ မရှက်ပါနဲ့။ မူးလာရင်ကိုယ်ဖြစ်တတ်တဲ့ပြဿနာကို ကြိုပြောထားပါ။ ဒါဆို ကိုယ်မူးလာတာနဲ့ မက်ဆေ့ချ်ပို့ဖို့ ကြိုးစားတဲ့အခါ သူတို့တားဆီးသတိပေးနိုင်မှာ ဖြစ်ပါတယ်။
၄။ စကားတွေပြော
အခုသောက်နေတဲ့ သူငယ်ချင်းတွေနဲ့ပဲ စကားပြောဖို့ ကြိုးစားပါ။ သူ့အကြောင်းမပါပါစေနဲ့။ အခြားအကြောင်းအရာတွေ ပြောလို့ရပါတယ်။ တကယ့်အပြင်က စကားဝိုင်းပဲ အာရုံစိုက်နေရင် သူ့ကိုမက်ဆေ့ချ်ပို့ဖို့ တွေးမိမှာ မဟုတ်ပါဘူး။
၅။ ကလပ်သွား
ဒါလည်း နည်းလမ်းကောင်းတစ်ခုပါ။ မူးလာလို့ ကလပ်သွားလိုက်ရင် သူ့ကိုသင်မက်ဆေ့ချ်ပို့ဖို့ အချိန်ရမှာမဟုတ်တော့ပါဘူး။ ကပွဲကြမ်းပြင်ထက်မှာ သင်မက်ဆေ့ချ်မပို့နိုင်တော့ပါဘူး။
ှSource : Life