ကိုယ့်ချစ်သူဆိုပြီး ဟန်ဆောင်ဖုံးကွယ်နေစရာမလိုဘဲ ကျန်းမာရေးကိစ္စကို ဖွင့်ချလိုက်ရတာ အရမ်းကိုစိတ်ပေါ့ပါးရတာအမှန်ပါ။
 

လေလည်တယ်ဆိုတာ ကျန်းမာရေးအမြင်နဲ့ ကြည့်ရင် ဝမ်းမှန်တယ်ဆိုတဲ့ သဘောပါပဲ။ ဒါပေမဲ့ အနံ့ကဆိုးတော့ တခြားလူတွေမှာ မခံသာဖြစ်ကြရပါတယ်။ ချစ်သူရည်းစားအချင်းချင်း တစ်ယောက်ရှေ့မှာ တစ်ယောက် အပြန်အလှန် လေလည်တာကို ဘာမှထူးထူးခြားခြား မခံစားရဘူးဆိုရင်တော့ အဲဒီစုံတွဲတွေဟာ အတော်ကိုရင်းနှီးချစ်ခင်နေကြပြီလို့ အဓိပ္ပာယ်သက်ရောက်နေတာပါပဲ။

၁။ နားလည်ပေးတတ်သူ

သင်က သူ့အပေါ်မှာ ယုံကြည်အားကိုးပြီး ပွင့်လင်းတဲ့သဘော သက်ရောက်သွားပါတယ်။ သူ့ဘက်က လေလည်တာကိုလည်း ကိုယ်က ကျန်းမာရေးအရ နားလည်လက်ခံပေးနိုင်ပြီဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်ခွင့်လွှတ်တတ်တဲ့ အချစ်ရေး ဖြစ်လာမှာ သေချာပါတယ်။

၂။ ပိုပြီးမြဲမြံခိုင်မာတဲ့အချစ်ရေး

ကိုယ်ပဲဖြစ်ဖြစ် သူပဲဖြစ်ဖြစ် လေလည်မိလို့ နှစ်ယောက်လုံးမှာ မျက်နှာပျက်ရလောက်အောင် မဖြစ်ဘူးဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် အတူတူရှေ့ဆက်ဖို့ ပိုပြီးရာခိုင်နှုန်း များသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒါက လူတိုင်းဖြစ်တတ်တဲ့သဘာဝပဲဆိုတာ သူရောကိုယ်ပါ နားလည်ပေးနိုင်ကြတယ်လေ။ တခြားအမှားတွေရှိလာရင်လည်း နားလည်ပေးနိုင်ကြမှာပါ။

asfaAFGA.jpg 

၃။ ချစ်စရာကောင်း

ဒါကို ဟာသလိုမျိုး သဘောထားပေးတတ်တဲ့ချစ်သူဆိုရင်တော့ လက်မလွှတ်သင့်တော့ပါဘူး။ အခြားလူတွေကတော့ သင့်လေလည်သံကို နှာခေါင်းရှုံ့လှောင်ပြောင်ကြပေမဲ့ သူကတော့ နှစ်ယောက်လုံးနဲ့ဆိုင်တဲ့အရာလိုမျိုး ဟာသနှောပေးရင် တကယ်ချစ်စရာကောင်းတယ်မဟုတ်လား။

၄။ မလိမ်ညာတတ်သူ

နောက်တစ်နည်းပြောရရင် ချစ်သူရှေ့မှာ ပွင့်ပွင့်လင်းလင်း လေလည်တာဟာ ယုံကြည်မှုကို ပြသရာလည်းရောက်ပါတယ်။ ချစ်သူဘဝမှာကတည်းက ကောင်းကွက်ဆိုးကွက်မှန်သမျှ ဖွင့်ချပြသူလို့လည်း ပြောနိုင်တာပေါ့။

fart-1.jpg 

၅။ ပိုမိုချစ်လာတဲ့သဘောသက်ရောက်

အစပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက်ကြား ကွယ်ဝှက်မှုတွေ ရှက်ရွံ့မှုတွေ ရှိစမြဲပါ။ ဒါပေမဲ့ ချစ်သူသက်တမ်းကြာလာတာ ဒါမှမဟုတ် သူနဲ့ကိုယ့်ကြား အချစ်တွေ ပိုတိုးပွားလာရင်တော့ လေလည်တယ်ဆိုတာ ပမွှားကိစ္စလေးတစ်ခုသာ ဖြစ်သွားပါတယ်။ လေလည်ချိန်မှာ ရယ်မောလိုက်ကြပြီး ခဏနေမေ့သွားကြတဲ့အဆင့်ဆိုရင်တော့ ချစ်သူနှစ်ဦးကြားမှာ ချစ်ကြိုးခိုင်မာလာတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

Share

Loading Next Article...
က္က