အပိုလုပ်နေတယ်လို့ သူတို့ကို စွပ်စွဲသလို ဖြစ်သွားပါတယ်။

shutterstock_411011080-gossip-compliment-zentangle-opener.jpg 

၁ - "အဲဒီလို မဟုတ်ပါဘူး"

သင်ဘယ်လောက်တော်ကြောင်း၊ သင့်လုပ်ရပ်ဘယ်လောက်မိုက်ကြောင်း တစ်စုံတစ်ယောက်က ချီးကျူးတဲ့အခါ သင့်လုပ်ရပ်၊သင့်အပြုအမူကို သူတို့ သတိမထားမိဘဲ မနေနိုင်အောင် ဖြစ်နေတယ်လို့ ပြောတာပါ။ ဒီချီးကျူးမှုဟာ တကယ်မဟုတ်ကြောင်းပြောပြီး သင့်ဘက်က မငြင်းခုံသင့်ပါဘူး။သူတို့ အသိအမှတ်ပြုတာကို မလိုချင်ကြောင်း ပြောသလိုဖြစ်နေပါတယ်။  ပြန်ပြုံးပြတာ၊ ကျေးဇူးတင်ကြောင်း ပြောတာကိုပဲ လုပ်သင့်ပါတယ်။

၂ - "တကယ်လား၊ အဲ့လို ထင်တာလား"

shutterstock_171693794-not-true-nanami7-new.jpg 

မျက်နှာချင်းဆိုင် ချီးကျူးခံရတဲ့အခါ ဘာပြောရမှန်းမသိဘဲ ချီတုံချီချဖြစ်သွားတတ်ပါတယ်။ ဒီအခါမှာ သံသယရှိသလိုမျိုး ကိုယ့်ဘက်က ပြန်ပြောမိတတ်ပါတယ်။  ချီးကျူးမှုကို လက်ခံလိုက်ရင် ကိုယ့်ကိုယ်ကိုယ် ဝင့်ကြွားသလိုဖြစ်မှာလည်း စိုးတာကြောင့်ပါ။ တကယ်တော့ တစ်ဖက်လူရဲ့ အသိအမှတ်ပြုမှုကို ရိုးရိုးသားသားလက်ခံလိုက်သင့်ပါတယ်။ အပြုံးတစ်ခုနဲ့ သူပြောတာကို နားထောင်တာ အကောင်းဆုံးပါ။

၃ - "ဘာတွေ လျှောက်ပြောနေတာလဲ"

shutterstock_398834740-shy-think-so-miyuki_satake.jpg 

တစ်စုံတစ်ယောက်က သင့်ကို အကောင်းဘက်က ချီးကျူးတဲ့အခါ ဘာကြောင့် သူတို့နဲ့ ငြင်းခုံနေမလဲ။ သင်က သူတို့ကို မယုံကြည်သလို ဖြစ်သွားပါတယ်။ အပိုလုပ်နေတယ်လို့ သူတို့ကို စွပ်စွဲသလို ဖြစ်သွားပါတယ်။

Photos & Source: Prevention

Share

Loading Next Article...
က္က