သင့်အတွက်ဆို သူ့ဘက်က အကောင်းတွေပဲ ပေးနေတာပါ။
 

၁ - အေးအေးဆေးဆေး

ဘဝကို ပုံမှန်အတိုင်း နေထိုင်နိုင်သူတွေရှိပါတယ်။ မိသားစုထဲ ကြီးမားတဲ့ ပြဿနာမရှိတာ၊ ငယ်ဘဝမှာ ကြီးမားတဲ့ ပြဿနာမျိုးမကြုံရတာ၊ သူငယ်ချင်းအပေါင်းအသင်း ကောင်းကောင်းရှိတာ စတဲ့အချက်တွေကြောင့် သူတို့ဟာ အေးအေးဆေးဆေးနေနိုင်ပါတယ်။ အဆိုပါ အေးအေးဆေးဆေးနေထိုင်တာဟာ သူတို့ရဲ့ အကျင့်ဖြစ်လာပြီး နှစ်ဦးသားဆက်ဆံရေးမှာ ပြဿနာရှိလာတာကို အလွယ်တကူနဲ့ သတိမထားမိတတ်တော့ပါဘူး။ ပြဿနာရှိနေတယ်လို့ အလွယ်တကူနဲ့ မယုံပါဘူး။

၂ - ပွင့်လင်းခဲ့မှု

shutterstock_212274982-cheat-deviyanthi79-slide2.jpg 

အစပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိခဲ့တာ၊ နှစ်ဦးသားတွေ့ရင် ဘာသံသယမှ ထားစရာမလိုအောင်  အေးအေးဆေးဆေးရှိတာတွေကြောင့်ပါ။ နောက်ပိုင်းမှာ ရှိလာတဲ့ ပြဿနာတွေကို ပြဿနာလို့ကို မရိပ်မိတော့တာပါ။ နှစ်ဦးသားဆက်ဆံရေးနဲ့ ပတ်သက်ရင် သင့်ဘက်က သက်သောင့်သက်သာရှိနေတာပါ။

၃ - လူသားမဆန်တာ

သင့်အတွက်ဆို သူ့ဘက်က အကောင်းတွေပဲ ပေးနေတာပါ။ သင်နဲ့ပတ်သက်ရင် သူက လူသားမဆန်လောက်အောင် ကောင်းနေတာပါ။ ဒီလိုကောင်းလွန်းမှုမှာ သင့်ဘက်က သာယာသွားပြီး လက်တွေ့ကျဖို့ မေ့သွားတာပါ။

၄ - မြင်တယ်

shutterstock_275689475-blind-eye-igor-kisselev-slide4.jpg 

ကွဲနိုင်တဲ့ ပြဿနာတွေ ဖြစ်လာတာကို သင်ရိပ်မိသလို ရှိပါတယ်။ ဒါပေမဲ့ သင့်ဘက်က ဘာမှ မလုပ်ပါဘူး။ နောက်ကျမှ တကယ်ကွဲနိုင်တဲ့ ပြဿနာကြီးမှန်းသိရတဲ့အခါ "ဒီလောက်ဆိုးမယ် မထင်ခဲ့လို့ပါ"လို့ ပြောတတ်ကြပါတယ်။

Photos & Source: Prevention, Pinterest

Share

Loading Next Article...
က္က