ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရတဲ့ဘဝဟာ မလွယ်ပါဘူး။
 

ကိုယ့်ဘာသာ ရပ်တည်နိုင်တဲ့ဘဝဟာ သူများအားကျစရာကောင်းပေမဲ့ သူလျှောက်နေရတဲ့လမ်းက လွယ်ကူချောမွေ့နေတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် အဆင်မပြေမှုတွေ ကြုံတွေ့လာရတဲ့အချိန်မှာ ကိုယ့်အပေါ် နားလည်နိုင်ဆုံးဖြစ်တဲ့ သူတစ်ယောက်ကို သတိရလွမ်းဆွတ်မိတတ်ကြပြီး အများစုအတွက် အဲဒီလူက အမေပါပဲ။

၁။ အမေချက်တဲ့ဟင်းမျိုး ဘယ်သူမှ မချက်နိုင်တဲ့အချိန်

အမေ့မှာ သူ့ကိုယ်ပိုင် ဟင်းချက်နည်းရှိပါတယ်။ အဲဒီလို ဟင်းလျာမျိုးကို ကိုယ်တိုင်ချက်စား ဒါမှမဟုတ် ဝယ်စားနိုင်ပေမဲ့ ကိုယ်ကြိုက်တဲ့ အမေ့လက်ရာနဲ့ မတူတဲ့အခါ အမေ့ကိုပဲ သတိရတမ်းတမိပါတယ်။

၂။ ပွေ့ဖက်မှုတွေလိုအပ်ချိန်

အမေ့လောက် နွေးထွေးတဲ့ ပွေ့ဖက်မှုမျိုး ဘယ်သူမှ မပေးနိုင်ပါဘူး။

 

၃။ လက်တွေ့ဘဝက ရုန်းထွက်လိုချိန်

အိမ်ဆိုတာ လုံခြုံတဲ့နေရာတစ်ခုဖြစ်ပြီး အမေကတော့ သင့်ရဲ့ကိုယ်ရံတော်လိုပါပဲ။ အလုပ်မှာ စိတ်ညစ်သမျှတွေအားလုံး၊ အမေ့ရဲ့နွေးထွေးမှုနဲ့တွေ့ချိန်မှာ ပြေပျောက်လျော့ပါးသွားရပါတယ်။

၄။ ရယ်မောခြင်း

အမေဟာ အကောင်းဆုံး အတူရယ်မောဖော်လည်း ဖြစ်ပါသေးတယ်။ သင့်ရဲ့ဟာသတွေကို မညည်းမညူနားထောင်ပေးပြီး အတူလိုက်လံရယ်မောပေးတာလည်း အမေပါပဲ။

၅။ ဂရုစိုက်မှုတွေ

အိမ်မှာ သင့်အတွက်အရာရာ အဆင်သင့်ဖြစ်အောင် အမေက ပြင်ဆင်ပြီးသားပါ။ မနက်စာအဆင်သင့်စားရသလို မျက်နှာသုတ်ပဝါတွေကလည်း အမြဲသန့်ရှင်းနေတယ်။ သင့်အဝတ်အစားတွေကိုလည်း အဆင်သင့်မီးပူတိုက်ပေးထားတယ်။

 

၆။ ကိုယ့်အပေါ်စိုးရိမ်ပေးတဲ့သူ

အမေက ကိုယ့်အတွက် စိတ်ပူနေတယ်ဆိုတာကို ဘယ်သူမှ သဘောမကျပါဘူး။ သူက သင့်ကို အချိန်ပြည့်ပူပန်ပေးနေတာပါ။ ဒါပေမဲ့ အဲဒီလို စိတ်ပူစိုးရိမ်ပေးမယ့်သူ မရှိတဲ့အချိန်မှာ အထီးကျန်သလို သင်ခံစားနေရပြန်တယ် မဟုတ်လား။

၇။ စကားပြောဖော် လိုအပ်ချိန်

သင့်အမေက အရာအားလုံးကို သိချင်သလို စိတ်ဝင်တစားလည်း နားထောင်ပေးပါတယ်။ သင်ပြောချင်တဲ့အကြောင်းအရာက ဘယ်လောက်ပဲ ရှည်ရှည် သူမပျင်းပါဘူး။ သင်ပြောချင်တဲ့စကားတွေအားလုံး အမေ့လို သေချာနားထောင်ပေးမယ့်သူ ဘယ်မှာရှိမလဲ။

Source & Photos : Metro

Share

Loading Next Article...
က္က