တစ်ယောက်နဲ့ တစ်ယောက် ချစ်ပြနေရုံနဲ့ မပြီးပါဘူး။
 

သင်တို့နှစ်ယောက်ရဲ့ အချစ်ရေးကို ရေရှည်ခိုင်မြဲစေချင်တယ်ဆိုရင် သင်တို့နှစ်ယောက်ကြားမှာ ပြင်းပြတဲ့အချစ်ထက် နွေးထွေးမှုကို ပိုမို လိုအပ်ပါတယ်။

သင့်ချစ်သူနဲ့ သင် ပိုမိုရင်းနှီးမှုရဖို့အတွက် ဒါလေးတွေ လုပ်ပေးသင့်ပါတယ်။

၁။ လေးနက်တဲ့ ဆွေးနွေးမှုမျိုး လုပ်ပါ

 

တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မှု မပြတ်စေဖို့ စကားပြောတာ၊ စာအပြန်အလှန်ပို့တာတင် မကပါဘူး။ နှစ်ဦးလုံးရဲ့ ရင်ထဲက ခံစားချက်တွေ၊ အမြင်တွေကို ဆွေးနွေးဖို့လိုပါတယ်။ သင်ရဲ့ အတွေးအမြင်၊ အိပ်မက်၊ စိတ်ဆန္ဒတွေကို ပြောသင့်ပါတယ်။

၂။ လက်ချင်းတွဲပြီး လမ်းလျှောက်ထွက်ပါ

 

သင်တို့နှစ်ယောက် ချိန်းတွေ့တဲ့အချိန်မှာ လက်ချင်းတွဲပြီး လမ်းလျှောက်ရင်း ဖြူဖြူစင်စင်လေး ကုန်ဆုံးခဲ့တဲ့နေ့ရက်တွေ ရှိဖို့လည်း လိုအပ်ပါတယ်။

၃။ အပြန်အလှန် နှိပ်နယ်ပေးပါ

 

တစ်ယောက်နဲ့ တစ်ယောက်နှိပ်နယ်ပေးခြင်းဟာလည်း ဂရုစိုက်မှု၊ ကြင်နာမှုရဲ့ပြယုဂ်တစ်ခုဖြစ်ပြီး ရင်းနှီးမှု ပိုရစေပါတယ်။

၄။ ချစ်ခင်ကြောင်း စာလေးတွေ ရေးပေးပါ

 

အမြဲလိုလို emoji လေးတွေပါတဲ့ ချစ်ကြောင်း စာလေးတွေ အပြန်အလှန် ပို့ဖူးကြမှာပါ။ အရင်ခေတ်ကလို စာရွက်မှာ စာလေးတွေ ရေးပြီး အပြန်အလှန်ပို့ပေးတာက တစ်ဖက်လူကို ပိုမို ရင်ခုန်နွေးထွေးစေပါတယ်။

၅။ ပွေ့ဖက်ပါ

 

သင့်ချစ်သူက လုံခြုံနွေးထွေးတဲ့ခံစားချက်ရစေဖို့ ပွေ့ဖက်ထားပေးသင့်ပါတယ်။ အထူးသဖြင့် သူ စိတ်ညစ်နေတဲ့အခါ၊ ဘာစကားမှ မပြောချင်တဲ့အခါ သူ့ကို ပွေ့ဖက်ရုံလေး ပွေ့ဖက်ပေးထားလိုက်ပါ။

၆။ အပြန်အလှန် စာဖတ်ပြပါ

 

ကိုယ်အကြိုက်ဆုံး စာအုပ်ထဲက စာပိုဒ်တစ်ပိုဒ်ကို ဖတ်ပြပေးပါ။ ဒါဟာ ချစ်သူချင်း စိတ်ချင်းနီးစပ်မှုရဖို့ လွယ်ကူတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

၇။ ညဉ့်နက်ချိန်မှာ ဖုန်းခေါ်ပေးပါ

 

အမြဲတမ်းတော့ မဟုတ်ဘူးပေါ့။ ချစ်သူကို လွမ်းဆွတ်သတိရချိန် ဘယ်လောက်လွမ်းကြောင်း ဖုန်းဆက်ပြီး ဖွင့်ပြောလိုက်ပါ။

Source & Photos : Life

Share

Loading Next Article...
က္က