သူမတွဲနေသူတွေနဲ့အတူ ကမ္ဘာတစ်လွှားနေရာတွေကို ခရီးထွက်နေသူ ဖြစ်ပါတယ်။
 

အမေရိကန်နိုင်ငံ မက်ဒီဆင်မြို့တော်က အသက် ၂၀ အရွယ်အမျိုးသမီးတစ်ဦးဟာ ခဏတာတွဲတဲ့ အမျိးသားတွေကို အသုံးချပြီး ကမ္ဘာတစ်လွှား ဈေးကြီးတဲ့နေရာပေါင်းများစွာကို ခရီးထွက်နိုင်ခဲ့ပါတယ်။

ဘီကီနီအတွင်းခံမော်ဒယ်တစ်ဦးလည်းဖြစ်တဲ့ အယ်လစ်ဆာရာမို့စ်ဟာ အင်တာနက်ကတစ်ဆင့် အမျိုးသားနဲ့ အမျိုးသမီး တွေ့ဆုံသိကျွမ်းကာ ချိန်းတွေ့လို့ရတဲ့ misstravel.com ကိုအသုံးပြုပြီး အခုလို ကမ္ဘာတစ်လွှားခရီးတွေထွက်နိုင်အောင် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ အဆိုပါဝက်ဘ်ဆိုက်ရဲ့ ထူးခြားချက်က တွေ့ဆုံသိကျွမ်းကာ ချိန်းတွေ့လိုသူတွေ အချင်းချင်း ခရီးထွက်နိုင်အောင်လည်း ပြင်ဆင်ပေးတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။

 

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အယ်လစ်ဆာဟာ  အဆိုပါ ဖူးစာဖက်ရှာပေးတဲ့ ဝက်ဘ်ဆိုက်ကောင်းကျိုးနဲ့ စပိန်နိုင်ငံ အီဘစ်ဇာအပန်းဖြေကျွန်း၊ လန်ဒန်၊ နယူးယော့ခ်၊ လော့စ်အိန်ဂျလိစ်၊ ဒူဘိုင်းနဲ့ ဖလော်ရီဒါတို့ကို ခရီးထွက်ပြီးသွားပြီလို့ ဆိုပါတယ်။ သူမဇိမ်ခံခရီးတွေထွက်ရတိုင်း လေယာဉ်လက်မှတ်ခအပါအဝင် အခြားသော ကုန်ကျစရာ အသုံးစရိတ်တွေ မကုန်ကျဘဲ ခရီးထွက်ရတယ်လို့ ပြောပါတယ်။

 

ကံကောင်းတာက သူမတွေ့ခဲ့သူတိုင်းဟာ လူကြီးလူကောင်းတွေဖြစ်နေပြီး သူမကို ပိုက်ဆံစိုက်ရှင်းတာမျိုး လုံးဝခွင့်မပြုဘူးလို့ အယ်လစ်ဆာက Mirro သတင်းစာကို ပြောပါတယ်။ သူမအနေနဲ့တော့ အဆိုပါဝက်ဘ်ဆိုက်ကို ခရီးထွက်ကာ အတွေ့အကြုံသစ်တွေ ရှာဖွေဖို့ အသုံးပြုတာဖြစ်ပြီး တကယ့်ချစ်သူအစစ်ရှာဖွေဖို့ကတော့ စိတ်မဝင်စားသေးဘူးလို့ ဆိုပါတယ်။

 

" အဲဒီမှာ တစ်စုံတစ်ယောက်ကို ခင်ဗျားတို့ အလွယ်တကူ တွေ့နိုင်တာပဲလေ။ ကျွန်မလည်း တွေ့နိုင်တယ်။ ကျွန်မအနေနဲ့ အလွယ်တကူ ရည်းစားထားလို့ ရပါတယ်။ ဒါပေမဲ့ အခုချိန်မှာ သမီးရည်းစားအခြေအနေကို ကျွန်မမလိုချင်သေးဘူး" လို့  အယ်လစ်ဆာက ပြောပါတယ်။

 

ဒါပေမဲ့ သူမကတော့ အပြင်မှာ ချိန်းတွေ့တဲ့အခါ ဘယ်အမျိုးသားနဲ့မှ အတူအိပ်တာမျိုး မလုပ်ဘဲ ညစာစားရုံလောက်ပဲလို့ ဆိုပါတယ်။ အင်တာနက်မှာ တွေ့ဆုံသိကျွမ်းပြီး အပြင်မှာတွေ့တဲ့အခါ မကောင်းတဲ့အကြံအစည်ရှိသူတွေနဲ့လည်း တွေ့နိုင်တာကြောင့် အယ်လစ်ဆာလို လိုက်လုပ်ဖို့တော့ တကယ့်လက်တွေ့မှာ မလွယ်လှပါဘူး။

ှSource : Mirror

Share

Loading Next Article...
က္က