ပုံမှန်တင်ပေးနေမှ သင့်ကို သတိပြုမိကြမှာ ဖြစ်ပါတယ်။

facebook-10-big.png 

၁ - ကိုယ့်နယ်ပယ်ကို သိပါ

ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ်ကိုပဲ ပြောပါ။ ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ်ကိုပြောတဲ့အခါ တကယ်သိတဲ့ လူတွေက သင့်ကို အထင်သေးနေပါလိမ့်မယ်။ ကိုယ်တကယ်ကျွမ်းကျင်တာကြောင့် ပိုင်ပိုင်နိုင်နိုင်လည်း ပြောနိုင်ပါတယ်။

၂ - ထိထိရောက်ရောက်

ဖေ့စ်ဘွတ်ပေါ်မှာ ပုံတွေ၊ ဗီဒီယိုတွေ၊ အကြောင်းအရာမျိုးစုံတွေက ပျံ့နှံ့နေတာပါ။ သင်ပြောချင်တာကို ထိထိရောက်ရောက်ပြောဖို့ သင်ကိုယ်တိုင် ဘာပြောချင်တာလဲ ဆိုတာကို ကွဲကွဲပြားပြားသိရပါမယ်။ တိုတို ထိထိ ရေးရပါမယ်။ လိုအပ်ရင် ပုံပါထည့်ပေးတာက သင့်ပို့စ်ကို စိတ်ဝင်စားစေပါတယ်။

 

၃ - ပုံမှန်

ဖေ့စ်ဘွတ်မှာ စိတ်ပါမှ တင်မယ်ဆိုတာမျိုးက အပျော်သဘော သုံးတာပါ။ နေ့စဉ် ပို့စ်တွေတင်ပေးရမှာ ဖြစ်ပါတယ်။ ပုံမှန်တင်ပေးနေမှ သင့်ကို သတိပြုမိကြမှာ ဖြစ်ပါတယ်။

၄ - ပါဝင်ခွင့်ပြု

သင့်ပို့စ်ကို စိတ်ဝင်စားသူတွေရှိလို့ မှတ်ချက်ရေးသားတာမျိုးရှိလာရင် သင့်ဘက်က ပြေပြစ်စွာ ပြန်လည်ပြောဆိုရပါမယ်။ နောက်ကောမန့်တစ်ခု ထပ်ရေးချင်အောင် လမ်းဖွင့်ပေးတဲ့အရေးအသားမျိုး ပြန်ရေးပေးရပါမယ်။ အဓိကအချက်ကတော့ သင့်ပို့စ်မှာ သူတို့ အမြဲပါဝင်ပတ်သက်ချင်လာအောင် အားပေးလိုက်တာပါ။

 

၅ - ရှယ်ယာ

တစ်ချို့ပို့စ်တွေကို သင့်အပေါ်စိတ်ဝင်စားနေသူတွေပါ တက်ဂ်တွဲပြီး ရှယ်ယာသင့်ပါတယ်။ ဒါပေမဲ့ အရင်ဆုံး တက်ဂ်တွဲမှာကို သူတို့သိရပါမယ်။ ကိုယ့်ဘက်က တင်မယ့်ဘယ်လိုပို့စ်မျိုးကို ဘယ်လူတွေကတော့ အမြဲအားပေးနေတယ်ဆိုတာလည်း သင့်ဘက်က သတိပြုလေ့လာဖို့လိုပါတယ်။

၆ - ခေတ်

လက်ရှိခေတ်စားနေတဲ့အကြောင်းအရာတွေကိုလည်း မျက်ခြေမပြတ်ပါနဲ့။ နိုင်ငံရေး၊ လူမှုရေး စတဲ့ ခေတ်စားနေတဲ့ အကြောင်းအရာတွေကို သင်က ဝေဖန်မှတ်ချက်ပေးတာ၊ သင်ပြောချင်တဲ့အကြောင်းအရာနဲ့ ချိတ်ဆက်ရေးသားတာ၊ အပျော်သဘော အရွှန်းဖောက်တာမျိုးတွေ လုပ်သင့်ပါတယ်။

Photos & Source: Lifehack

Share

Loading Next Article...
က္က