သတို့သားကို လူတွေက ချီးမွမ်းနေကြလေရဲ့.......
 

ဒီဇင်ဘာ ဒုတိယပတ်အတွင်းက ပြုလုပ်ခဲ့တဲ့ တရုတ်နိုင်ငံ စီချွမ်နယ်ထဲက မင်္ဂလာပွဲတစ်ခုဟာ လူတွေအတွက် မှတ်မှတ်ရရ ပြောစမှတ်တွင်စရာဖြစ်ခဲ့ရပါတယ်။ သတို့သားက သတို့သမီးဂါဝန်ကိုဝတ်ပြီး သတို့သမီးကတော့ အနောက်တိုင်းဝတ်စုံပြည့်နဲ့ အမျိုးသားတစ်ဦးလိုဝတ်ကာ မင်္ဂလာဆောင်ခဲ့တာပါ။

 

ဒီအစီအစဉ်အားလုံးက သတို့သမီးရဲ့အကြံဉာဏ်ပါလို့ သတို့သား ဝူရှိုင်က ပြောပါတယ်။ သတို့သမီးဂါဝန်ကိုဝတ်ရင် ဝတယ်လို့ခံစားမိတာကြောင့် အဝတ်အစားလဲလှယ်ဝတ်ဆင်ဖို့ သတို့သမီးက ပြောခဲ့တာပါ။

 

သူတို့နှစ်ယောက် စတင်ဆုံတွေ့တဲ့ ၂၀၁၁ တုန်းကတော့ သတို့သမီးက ပေါင် ၁၀၀ တောင်မပြည့်တဲ့ ပိန်ပိန်လေးပါ။ တစ်နေ့တစ်ခြား ဝသထက်ဝလာတဲ့နောက် မင်္ဂလာဆောင်မှာတော့ ခုလိုမျိုး ဝတ်ဆင်ပြီး ဆင်နွှဲဖို့ သတို့သမီးက တောင်းဆိုခဲ့တဲ့အပေါ် သတို့သားကလည်း ကြည်ကြည်ဖြူဖြူပဲ လိုက်လျောခဲ့ပါတယ်။ တရုတ်လူမှုကွန်ရက်တွေပေါ်မှာတော့ ဒီမင်္ဂလာပွဲရဲ့အကြောင်းက ပြောမဆုံးအောင် ဖြစ်နေကြဆဲပါပဲ။

Source : Shanghaiist

Share

Loading Next Article...
က္က