ဂျာမနီမှာပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ သိခဲ့ရတာပါ။
 

ဂျာမနီနိုင်ငံက သုတေသီအဖွဲ့တစ်ဖွဲ့ဟာ Sex Robot တွေကို ဘယ်လို စရိုက်လက္ခဏာရှိသူတွေက စိတ်ဝင်စားဆုံးလည်းဆိုတာကို သိရှိရဖို့ သုတေသနတစ်ခုု ပြုလုပ်ခဲ့ပါတယ်။

Sex Robot လုပ်ငန်းဟာ တွင်ကျယ်လာခဲ့ပြီး ၂၀၅၀ ခုနှစ်ရောက်တဲ့အခါ လူတွေက အချင်းချင်း ချစ်တင်းနှောချင်းထက် စက်ရုပ်တွေကို အသုံးပြုမှု ပိုမိုလာလိမ့်မယ်လို့ ပညာရှင်အချို့က ခန့်မှန်းထားပါတယ်။

စက်ရုပ်နဲ့အတူ နေထိုင်ဖို့အတွက် လူအများအပြားဟာ စိတ်ဝင်စားလာချိန်မှာ ဘယ်လိုလူမျိုးတွေက ဒီနည်းပညာသစ်ကို တကယ်လိုချင်ဆုံးလည်းဆိုတာကို ပညာရှင်များက သိရှိလိုလာပါတယ်။

 

လန်ဒန်တက္ကသိုလ်မှာ ပြုလုပ်တဲ့ Love and Sex with Robots ညီလာခံမှာ ယင်းအကြောင်း ဂျာမနီနိုင်ငံ Duisburg-Essen တက္ကသိုလ်က Jessica M. Szczuka က ယင်းသုတေသနအကြောင်းကို ပြောပြခဲ့ပါတယ်။

"ဘယ်လိုလူမျိုးတွေက sex robots အသုံးပြုခြင်းရဲ့လွှမ်းမိုးမှုအခံရဆုံးဖြစ်မလဲဆိုတာကို ကျွန်မသိချင်လာမိတယ်။ ကျွန်မတို့တွေက လူတွေနဲ့ဆက်ဆံသလိုပဲ ကွန်ပျူတာတွေ စက်ကိရိယာတွေကိုအပေါ် ဆက်ဆံလာကြတယ်။ အဲဒီထဲမှာ စက်ရုပ်တွေနဲ့ မျှဝေခံစားခြင်းနဲ့ နှစ်ကိုယ်တူနေထိုင်ချင်းတွေ ပါဝင်လာတယ်" လို့ သူမက ညီလာခံမှာ ပြောခဲ့ပါတယ်။

အဖြေကတော့ သိပ်အံ့သြစရာမရှိပါဘူး။ အများစု ထင်ထားတဲ့အတိုင်းပဲ အထီးကျန်သူတွေဟာ စက်ရုပ်တွေအပေါ် လူတွေလိုသဘောထားဆက်ဆံဖွယ် ပိုရှိတယ်လို့ သူမရဲ့သုတေသနက ဖော်ပြခဲ့ပါတယ်။

 

SZczuka နဲ့အတူ ပရော်ဖက်ဆာ နီကိုးလ်ခရက်မာက အသက် ၁၈ နှစ်နဲ့ ၆၇ နှစ်ကြား အမျိုးသား ၂၆၃ ဦးကို အွန်လိုင်းကနေ စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ယင်းအမျိုးသားတွေကို ပုံစံမတူတဲ့ စက်ရုပ်မတွေရဲ့ နှစ်မိနစ်စာ ဗီဒီယိုကို ပြသပါတယ်။ အဲဒီနောက် အရုပ်တွေရဲ့ထူးခြားမှုတွေနဲ့ ဆွဲဆောင်နိုင်မှုအဆင့်တွေကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

နောက် ၅ နှစ်အတွင်းမှာ စက်ရုပ်တစ်ရုပ် ဝယ်မလားဆိုတဲ့ မေးခွန်းကို ၄၀.၃ ရာခိုင်နှုန်းက ဝယ်မယ်လို့ ဖြေခဲ့ကြပါတယ်။

နောက်တစ်ဆင့်ကတော့ Sex Robots တွေအပေါ် အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှုကို လေ့လာမယ်လို့ သူမက ပြောခဲ့ပါတယ်။

Source & Photos : Mirror

Share

Loading Next Article...
က္က