အထိအတွေ့တွေက သူ့အတွက် ကိုယ့်အတွက် သာမန်သူငယ်ချင်းဆိုတာထက် ပိုလာစေဖို့ အချက်တစ်ချက ်ဖြစ်မလာနိုင်ဘူးလို့ ပြောလို့မရပါဘူး။
 

မိန်းကလေးတစ်ယောက်နဲ့ ယောကျ်ားလေးတစ်ယောက်ဟာလည်း သာမန် မိန်းကလေးအချင်းချင်းလို၊ ယောကျ်ားလေးအချင်းချင်းလို သူငယ်ချင်းမိတ်ဆွေတွေအဖြစ် ပေါင်းသင်းဆက်ဆံလို့ ရပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဆန့်ကျင်ဘက်တွေဖြစ်တဲ့ မိန်းကလေးနဲ့ယောကျ်ားလေးကြားမှာ သူငယ်ချင်းလိုပဲနေနေကြတာပါဆိုတဲ့ အခြေအနေမျိုးဟာ စိတ်အရင်းခံစစ်ဆေးကြည့်လိုက်ရင် မရှိသလောက် ရှားပါတယ်။

၁။ ထိန်းချုပ်မှု

အချစ်ဆိုတာနဲ့ပတ်သက်လာရင် လူတွေဟာ ထိန်းချုပ်တားဆီးနိုင်စွမ်း အရမ်းနည်းပါးလေ့ရှိပါတယ်။ ဒါ့အပြင် အမြဲတရင်းတနှီးထိတွေ့ဆက်ဆံပေါင်းသင်းနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ယောကျ်ားလေးတစ်ယောက်အတွက် မချစ်သွားအောင် ထိန်းချုပ်နိုင်ဖို့ဆိုတာ ထင်သလောက် လွယ်တဲ့အရာတော့ မဟုတ်ပါဘူး။

၂။ အထင်ကြီးခြင်း

တစ်ယောက်ကတစ်ယောက်ကို အထင်ကြီးမိပြီဆိုရင် အဲ့ဒီ့လူကို ချစ်မိသွားဖို့က အရမ်းကိုလွယ်ကူသွားပါပြီ။ ကိုယ်နဲ့သူဟာ သာမန်ပြောမနာဆိုမနာ သူငယ်ချင်းအရင်းခေါက်ခေါက်တွေဖြစ်နေလို့ဆိုရင် ဘာမှမထူးခြားပေမဲ့ တကယ်လို့ သူ့ကိုကိုယ်က သူငယ်ချင်းအနေနဲ့ကို အထင်ကြီးလေးစားရတဲ့အချက်တွေ ရှိနေရင်တော့ ချစ်မိသွားဖို့ဆိုတာ အရမ်းလွယ်ကူသွားပါပြီ။

 

၃။ အထိအတွေ့

ဒါကလည်း အရေးအပါဆုံး အချက်တစ်ချက်ပါ။ သူငယ်ချင်းလိုနေနေတယ်ဆိုမှတော့ ဖက်လှဲတကင်း ထိတွေ့ဆက်ဆံတာမျိုးတွေ ရှိမှာပါပဲ။ ဒါပေမဲ့ အဲ့ဒီ့အထိအတွေ့တွေက သူ့အတွက် ကိုယ့်အတွက် သာမန်သူငယ်ချင်းဆိုတာထက် ပိုလာစေဖို့ အချက်တစ်ချက်ဖြစ်မလာနိုင်ဘူးလို့ ပြောလို့မရပါဘူး။

၄။ တိတိကျကျသိတာ

ငါတို့က သူငယ်ချင်းတွေပါပဲလို့ လွယ်လွယ်ကူကူ ကြွေးကြော်လိုက်ပေမယ့် တကယ်တမ်း သူနဲ့ကိုယ်ရောက်နေတဲ့အခြေအနေက အဲ့ဒီ့အခြေအနေမျိုးမဟုတ်တာကို မသိတဲ့သူတွေ တစ်ပုံကြီးပါ။ ပိုဆိုးတာက ကာယကံရှင်တွေဖြစ်နေတော့ ကိုယ်ကသတိမထားမိပေမယ့် ကိုယ့်အခြေအနေကို ဘေးလူတွေအနေနဲ့ ရှင်းရှင်းလင်းလင်း သိနေမြင်နေတာမျိုးတွေလည်း ရှိတတ်ပါတယ်။

၅။ အကြောင်းပြချက်

သူကလည်းဝန်မခံချင်လို့ ကိုယ်ကလည်းရှေ့ဆက်မတိုးချင်လို့ တမင်အကြောင်းပြချက်ပေးထားတာမျိုးပါ။ ခေါင်းစဉ်တပ်ထားတာပေါ့။ တကယ်တမ်း သူရောကိုယ်ရောစိတ်ထဲမှာ မပိုနေဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

၆။ တစ်ဖက်သတ်

သူငယ်ချင်းတွေပဲလို့ ခေါင်းစဉ်တပ်ထားကြတဲ့အပေါ်မှာ တစ်ဖက်ဖက်က တစ်ဖက်သတ်ချစ်နေရတဲ့အချစ်မျိုးတွေရှိတတ်တာ သေချာပါတယ်။

 

၇။ အတွေ့အကြုံ

သူငယ်ချင်းတွေလိုပဲနေကြည့်မယ်လို့ အတွေ့အကြုံအသစ်တစ်ခုအနေနဲ့ ကိုယ်ကဆုံးဖြတ်ချက်ချထားတာပါ။ တကယ်တမ်း ကိုယ်နေချင်တာကလည်း ဒီပုံစံမဟုတ်သလို သူကလည်း သူငယ်ချင်းအဆင့်ထက် ပိုမနေဘူးလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။

Source : Cosmopolitan

Share

Loading Next Article...
က္က